ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်း၊ တံတား၊ Box Culvert လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 8, 2020 - November 9, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက်ရှိ မိနယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတား၊ Box Culvert လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် အောက်ပါအစီအစဥ်အတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်    -           ၈-၁၀-၂၀၂၀ ရက် (ကြာသပတေးနေ့)

(ခ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်               -           ၉-၁၁-၂၀၂ ၀ ရက် (တနင်္လာနေ့)၊ ၁၆:၃၀ နာရီအထိ

(ဂ) တင်ဒါတင်သွင်းရမည့်နေရာ                           -           ညွှန်ကြားရေးမှူးရုံး၊ အမှတ် (၁၁+၁၂)၊ (၉၁) ရပ်ကွက်၊ ဇလွန်မြစ်(၃)လမ်း၊ ဒဂုံမိသစ်(ဆိပ်ကမ်း)မိနယ်၊ ရန်ကုန်မိ။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ ဖုန်း - ၀၁- ၃၅၉၂၄၁၂ နှင့် ၀၁-၃၅၉၂၄၁၃ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us