ချင်းတွင်းတံတား(ထမံသီ)အတွက် သံချောင်း/ ဘိလပ်မြေ/ Bentonite/ ဒီဇယ်ဆီများ ဝယ်ယူခြင်း၊ Working Barge ငှားရမ်းခြင်းလုပ်ငန်းနှင့် စက်/ ယန္တရားကြီးများ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စက်ယန္တယား ငှားရမ်းခြင်းနှင့် ရောင်းဝယ်ခြင်း လုပ်ငန်း |
တင်ဒါကာလ: October 1, 2020 - October 31, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှစစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း တည်ဆောက်မည့် ချင်းတွင်းတံတား(ထမံသီ)အတွက် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော (သံချောင်း/ ဘိလပ်မြေ/ Bentonite/ ဒီဇယ်ဆီ)များ ဝယ်ယူခြင်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းတွင် အသုံးပြုရန်အတွက် Working Barge (800) Ton နှင့် အထက် (၄၈’ - အထက် * ၁၈၀’ - အထက်) ငှားရမ်းခြင်းလုပ်ငန်းနှင့် အောက်ဖော်ပြပါခရီးစဉ်အတိုင်း (စက်/ ယန္တရားကြီးများ) သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (ဝယ်ယူ/ငှားရမ်း) ခြင်းဆောင်ရွက်လိုပါသဖြင့် စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအား ဖိတ်ခေါ်အပ်ပါသည်။

၂။ (က) စော်ကဲတံတားစီမံကိန်း(မော်လမြိုင်ကျွန်း)မှ မုံရွာသို့ပို့ဆောင်ခြင်း

    (ခ) မုံရွာမှ ချင်းတွင်းတံတား(ထမံသီ) သို့ ပို့ဆောင်ခြင်း

၃။ (က) အိတ်ဖွင့်တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်/အချိန် -           ၁-၁၀-၂၀၂၀ ရက်၊ နံနက် (၉:၃၀) နာရီ

(ခ) အိတ်ဖွင့်တင်ဒါလျှောက်လွှာအရောင်းပိတ်မည့်ရက်/အချိန်          -           ၃၁-၁၀-၂၀၂၀ ရက်၊ ညနေ (၁၆:၃၀) နာရီ

(ဂ) အိတ်ဖွင့်တင်ဒါလျှောက်လွှာရောင်းချမည့်နေရာ                         -           ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ တည်ဆောက်ရေးအဖွဲ့(၂)၊ လက်ပန်ခြေပေါ်-ညောင်ဦးမြို့

(ဃ) အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်မည့်နေရာ                                  -           စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့(ရုံး) ၊မုံရွာမြို့

(င) အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်မည့်ရက်/အချိန်                           -           ၂-၁၁-၂၀၂၀ ရက်၊ နံနက် (၁၀:၀၀) နာရီ

 

၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ရုံးချိန်အတွင်း တယ်လီဖုန်းအမှတ်-(၀၉-၄၂၂၃၁၄၁၈၄)သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

တည်ဆောက်ရေးအဖွဲ့(၂)၊ ညောင်ဦးမြို့

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us