မုံရွာစီးပွားရေးတက္ကသိုလ်တွင် ကျောင်းသား/သူအိပ်ဆောင်၊ ထမင်းစားဆောင်၊ စာသင်ဆောင်၊ ရော/မဆောင်များ ဆောက်လုပ်ခြင်းလုပ်ငန်း

October 1, 2020
Views: 148
Tender ID: 11912
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 28, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်-

(က)     (၂၄၀) ဦးဆံ့ ကျောင်းသား/သူအိပ်ဆောင် (U Shaped) (၃) ထပ် (၁) လုံး + ထမင်းစားဆောင် (၁၂၂ ပေ * ၄၈ပေ) ဆောက်လုပ်ခြင်း (၄၅၆၇၇ စ/ပေ)၊ သံကူကွန်ကရစ်(ရေ၊မီးအပါအဝင်) ကွန်ကရစ်လမ်း (၆၀၀ပေ * ၁၂ပေ) ဂါလန်(၂၀၀၀၀)ဆံ့ ရေလှေောင်ကန် ၄”Φ အဝီစိတွင်း (၅ H.P Submersible Pump)ပါ

(ခ) (၂)ထပ် စာသင်ဆောင်(၁)လုံး ဆောက်လုပ်ခြင်း (၂၀၈ပေ * ၃၈ ပေ )ရေမီးအပါအဝင်၊ သံကူ ကွန်ကရစ်၊ ကွန်ကရစ်လမ်း (၄၀၀ပေ * ၁၂ပေ) အပါအဝင်

(ဂ) ၄ ခန်းတွဲလေးထပ် ဆရာ/မဆောင် RC (၁၀၀ပေ * ၃၀ ပေ)၊ ပြင်ပရေ (၄ လက်မ အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန်၊ ၅.၅ HP Submersible Pump နှင့် အဆောက်အဦ၊ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံးတည်ဆောက်ခြင်းလုပ်ငန်း

(ဃ) ဂိုဒေါင်ဆောက်လုပ်ခြင်း (၁၀၀ပေ * ၄၀ပေ) (Steel Structure) (မီးအပါအဝင်)

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို(၁-၁၀-၂၀၂၀ ) ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၂၈-၁၀-၂၀၂၀) ရက်၊ ညနေ (၄:၀၀) နာရီ နောက်ဆုံးထား၍ အင်ဂျင်နီယာဌာန သို့တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊စည်းကမ်းချက်များနှင့်အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း၊ ဖုန်း-၀၉-၉၅၄၄၁၀၅၉၈၊ အင်ဂျင်နီယာဌာန၊ မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊

တင်ဒါကော်မတီ

မုံရွာစီးပွားရေးတက္ကသိုလ်

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us