တနင်္သာရီတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဦးစီးဌာနက RC အဆောက်အဦ (၄) လုံးဆောက်လုပ်ခြင်းနှင့် တိုက်အဟောင်း (၄) လုံး အကြီးစားမွမ်းမံခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 4, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး၊ ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အောက်ဖော်ပြပါ တည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် မြန်မာနိုင်ငံသား ကုမ္ပဏီများအား ဖိတ်ခေါ်အပ်ပါသည်။

(က) ထား၀ယ်မြို့၊ ဆန်းချီအိမ်ရာစခန်းအတွင်း ၆ ခန်းတွဲ ၄ ထပ်၊ RC အမျိုးအစား အဆောက်အဦ (၁) လုံး ဆောက်လုပ်ခြင်း

(ခ) ထားဝယ်မြို့၊ ဝဲကျွန်းအိမ်ရာစခန်းအတွင်း ၆ ခန်းတွဲ ၄ ထပ်၊ RC အမျိုးအစား အဆောက်အဦ (၁) လုံး ဆောက်လုပ်ခြင်း

(ဂ) မြိတ်မြို့၊ အိုးလုပ်ပြင်ကွင်း ဝန်ထမ်းအိမ်ရာအတွင်း ၆ ခန်းတဲ ၄ ထပ်၊ RC အမျိုးအစား အဆောက်အဦ (၁) လုံး ဆောက်လုပ်ခြင်း

(ဃ) ကော့သောင်းမြို့၊ ကြေးနန်း၀င်း ၀န်ထမ်းအိမ်ရာတွင်း ၆ ခန်းတွဲ ၄ ထပ်၊ RC အမျိုးအစား အဆောက်အဦ (၁) လုံး ဆောက်လုပ်ခြင်းနှင့် လိုအပ်သော လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း၊ လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်း

(င) ထားဝယ်မြို့၊ ဝဲကျွန်း၀န်ထမ်းအိမ်ရာအတွင်း တိုက်အဟောင်း (၄) လုံး (တိုက်အမှတ် ၁၇၊ ၁၉၊ ၂၂၊ ၂၄) အား အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်း

၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက် -           ၅-၁၀-၂၀၂၀ ရက် (တနင်္လာနေ့) မှ ၂၃-၁၀-၂၀၂၀ ရက် (သောကြာနေ့),  (၁၆ ၀၀ နာရီအထိ)

(ခ) တင်ဒါလျှောက်လွှာတင်သွင်းရမည့်နောက်ဆုံးရက်         -           ၄-၁၁-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၆ ၀၀ နာရီ

(ဂ) တင်ဒါဖွင့်ဖောက်ကြေညာမည့်ရက်/နေရာ                    -           ထပ်မံကြေညာပါမည်။

၃။ တင်ဒါလျှောက်လွှာဝယ်ယူခြင်း၊ လျှောက်လွှာတင်သွင်းခြင်းများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် သတ်မှတ်ရက် ရုံးချိန်အတွင်း ဆောင်ရွက်နိုင်ပါသည်။

၄။ အသေးစိတ်သိရှိလိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်စုံစမ်းရန်        -           ဖုန်း - ၀၅၉-၂၀၂၃၈၆၅

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us