ဂျင်းမြေသားလမ်း၊ ကွန်ကရစ်လမ်း၊ ၀န်ထမ်းအိမ်ရာ၊ လက်တူးတွင်းအစရှိသည့် အခြားတည်ဆောက်ရေးလုပ်ငန်းများ‌ (မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: October 8, 2020 - November 3, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ဂျင်းမြေလမ်းများခင်းခြင်း                                         -           ၁ မိုင် ၅ ဖာလုံ

(ခ) မြေသား၊ ၁ ပေထုတင်၍ ဂျင်းမြေလမ်းများခင်းခြင်း        -           ၁ မိုင် ၀ ဖာလုံ

(ဂ) မြေသား၊ ၂ ပေထုတင်၍ ဂျင်းမြေလမ်းများခင်းခြင်း        -           ၂၉ မိုင် ၁.၉၉၇၈ ဖာလုံ

(ဃ) မြေသား၊ ၄.၅ ပေထုတင်၍ ဂျင်းမြေလမ်းများခင်းခြင်း   -           ၀ မိုင် ၂.၂. ဖာလုံ

(င) ကုန်ထုတ်လမ်းများပေါ်တွင် ကွန်ကရစ်တံတားများတည်ဆောက်ခြင်း       -           ၁ စင်း

(စ) ကုန်ထုန်လမ်းများပေါ်တွင် အုတ်ခုံသံပေါင်ယက်မ ကွန်ကရစ်ကြမ်းခင်းတံတား တည်‌ဆောက်ခြင်း    -           ၂ စင်း

(ဆ) ကုန်ထုန်လမ်းများပေါ်တွင် Box Culvert တည်ဆောက်ခြင်း      -           ၄ စင်း

(ဇ) ကုန်ထုန်လမ်းများပေါ်တွင် Slab Culvert တည်ဆောက်ခြင်း                   -           ၈ စင်း

(စျ) ကုန်ထုန်လမ်းများပေါ်တွင် ရေကျော်များ တည်ဆောက်ခြင်း                   -           ၂ စင်း

(ည) ကုန်ထုန်လမ်းများပေါ်တွင် ရေပြွန်များတည်ဆောက်ခြင်း                      -           ၂ စင်း

(ဋ) သပိတ်ကျင်းမြို့နယ်ရုံး အဆောက်အအုံဆောက်လုပ်ခြင်း                         -           R.C.C ၁ ထပ်၊ ၁ လုံး

(ဌ) မြင်းခြံခရိုင်ရုံး ၀န်ထမ်းအိမ်ရာဆောက်လုပ်ခြင်း                                     -           R.C.C ၂ ခန်းတွဲ၊ ၂ ထပ်၊ ၁ လုံး

(ဍ) ညောင်ဦးခရိုင်ရုံး ၀န်ထမ်းအိမ်ရာဆောက်လုပ်ခြင်း                                 -           R.C.C ၄ ခန်းတွဲ၊ ၂ ထပ်၊ ၁ လုံး

(ၒ) တွင်းနက် (ရေစက်ရုံ၊ ရေစင်၊ ရေကန်များအပါအ၀င်)                             -           ၇၈ တွင်း

(ဏ) တွင်းတိမ် (ရေစက်ရုံ၊ ရေစင်၊ ရေကန်များအပါအ၀င်)                           -           ၁၈ တွင်း

(တ) လက်တူးတွင်း (ရေကန်၊ ရေစက်ရုံများအပါအ၀င်)                                -           ၂ တွင်း

(ထ) မြေသားရေကန်တူးဖော်ခြင်း (ခြံစည်းရိုးကာရံခြင်း)(လက်နှိပ်တုံကင်တပ်ဆင်ခြင်းများအပါအ၀င်)    -           ၃ ကန်

(ဒ) စိမ့်စမ်းရေသွယ်ယူခြင်း                                                                      -           ၆ ခု

(ဓ) အခြား (ရေပိုက်လိုင်းသွယ်၊ လျှပ်စစ်မီးကြိုးလိုင်းသွယ်စသည့်)                 -           ၁၁ ခု

၂။ လုပ်ငန်းတခုချင်းစီအတွက် တန်ဖိုးငွေကျပ် ၁၀ သန်းမှ သန်း ၁၀၀ အထိ လုပ်ငန်းတွဲများအတွက် တင်ဒါလျှောက်လွှာပုံစံများကို ၈-၁၀-၂၀၂၀ ရက်မှ ၂၂-၁၀-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ၂၇-၁၀-၂၀၂၀ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား တင်သွင်းရန်ဖြစ်ပါသည်။ (နည်းပညာအဆိုပြုလွှာပါ စာရွက်စာတမ်းများ ဖွင့်ဖောက်စိစစ်အမှတ်ပေးခြင်း ဆောင်ရွက်မည့်ရက်စွဲကို ကြိုတင်အကြောင်းကြားပေးပါမည်။)

၃။ လုပ်ငန်းတခုချင်း တန်ဖိုးငွေကျပ် သန်း ၁၀၀ အထက် လုပ်ငန်းတွဲများတွက် တင်ဒါလျှောက်လွှာပုံစံများကို ၈-၁၀-၂၀၂၀ ရက်မှ ၃-၁၁-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ၅-၁၁-၂၀၂၀ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထား၍ တင်သွင်းရန်ဖြစ်ပါသည်။ (နည်းပညာအဆိုပြုလွှာပါ စာရွက်စာတမ်းများ ဖွင့်ဖောက်စိစစ်အမှတ်ပေးခြင်း ဆောင်ရွက်မည့်ရက်စွဲကို ကြိုတင်အကြောင်းကြားပေးပါမည်။)

၄။ တင်ဒါလျှောက်လွှာရောင်းချမည့်လိပ်စာနှင့် ပြန်လည်တင်သွင်းရမည့်လိပ်စာမှာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အကွက်အမှတ် ၀၁-၀၁/၁၊ ၆၈ လမ်း၊ နတ်ရေကန်အုပ်စု (စွယ်တော်ဘုရားရှေ့မုခ်လမ်း)၊ အမရပူရမြို့ ဖြစ်ပါသည်။

၅။ အသေးစိတ်သိရှိလိုသော အချက်အလက်များအား ၈-၁၀-၂၀၂၀ ရက်မှစ၍ တိုင်းဒေသကြီးရုံးဖုန်း - ၀၂-၅၁၅၅၁၄၉ နှင့် ၀၂-၅၁၅၅၁၄၈ တို့သို့လည်းကောင်း၊ ခရိုင်နှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများသို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us