အစိုးရနည်းပညာအထက်တန်းကျောင်း (ချောင်းဦး) တွင် စာသင်ဆောင်၊ အလုပ်ရုံ၊ ကျောင်းသူ/သားဆောင် တည်ဆောက်ခြင်းလုပ်ငန်း

October 1, 2020
Views: 164
Tender ID: 11929
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 31, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေး၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ချောင်းဦး) အတွက် ဆောင်ရွက်ရန်ရှိသော အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) (၁၉၂’ x ၃၈’) သံကူကွန်ကရစ် (၂) ထပ်စာသင်ဆောင် (၁) လုံး

(ခ) (၁၂၅’ x ၈၂’) Steel Structure (၁) ထပ် အလုပ်ရုံ (၁) လုံး

(ဂ) (၁၁၃’ x ၈၄’) သံကူကွန်ကရစ် (၂) ထပ် (၆၀) ဦးဆံ့ ကျောင်းသား/သူဆောင် (၂) လုံး

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၃၁-၁၀-၂၀၂၀ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ အစိုးရနည်းပညာအထက်တန်းကျောင်း (ချောင်းဦး) တွင် တင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ချောင်းဦး)၊ ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။ လုပ်ငန်း (၁) ခုထက်ပို၍ တင်ဒါတင်သွင်းလိုပါက တင်သွင်းလိုသည့်လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်နှင့် အသေးစိတ်အချက်အလက်များကို  ရုံးချိန်အတွင်း အစိုးရနည်းပညာ အထက်တန်းကျောင်း (ချောင်းဦး) ဖုန်း - ၀၉-၄၀၀၄၀၈၅၄၅ တွင် စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့။

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us