နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) တွင် ဆရာ/မဆောင်၊ အလုပ်ရုံ၊ အားကစားခန်းမ၊ ကျောင်းအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

October 1, 2020
Views: 111
Tender ID: 11931
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 30, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

၁။ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) လေးခန်းတွဲ လေးထပ် ဆရာ/မဆောင် RC (100’ 30’)၊ အဆောင်အဝင်လမ်း (100’ 12’ 8”) ပြင်ပရေ ( ၄ လက်မ အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန် 5.5HP Submersible Pump နှင့် အဆောက်အဦ) ပြင်ပ မီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး တည်ဆောက်ခြင်းလုပ်ငန်း

(ခ) အလုပ်ရုံ (၁၂၅’ x ၆၀’) Mazzanine Floor အပါအဝင် (၉၆၀၀ စ/ပေ)၊ အဝင်လမ်း  (၁၀၀’ x ၁၂’ x ၈”) ပြင်ပမီးသွယ်တန်းခြင်း အပါအဝင် (၁) လုံး ဆောက်လုပ်ခြင်းလုပ်ငန်း

(ဂ) ဘက်စုံသုံးအားကစားခန်းမ(၁၂၀’ x ၈၈’ x ၂၇”) (ရေမီးအပါအဝင်)၊အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”) ဆောက်လုပ်ခြင်းလုပ်ငန်း Steel Structure

(ဃ) ကျောင်းဝင်းအုတ်တံတိုင်းကာရံခြင်း (2800’) အုတ်ခြံစည်းရိုး

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၃၀-၁၀-၂၀၂၀ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း - ၀၉-၆၉၃၃၅၃၉၅၉၊ ၀၉-၇၉၀၅၈၄၁၁၃ နှင့် Website ဖြစ်သော www.tumka.edu.mm တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

ကချင်ပြည်နယ်အစိုးရအဖွဲ့

 

 

 

 

Contact Information
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us