မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ကျောင်းဆောင်၊ ရုံးအဆောက်အဦ၊ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 3, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

(က) မန္တလေးမြို့၊ ကလေးပြုစုရေးဌာန

(၁၂၀’ * ၅၀’ * ၃၆’) (၃) ထပ် RC ကျောင်းဆောင်ဆောက်လုပ်ခြင်း (အတွင်းရေ၊ မီး၊ မိလ္လာအပါဝင်) (၅၀’ * ၁၅’ * ၁၅’) မီးဖိုဆောင်နှင့် လျှောက်လမ်းဆောက်လုပ်ခြင်း (အတွင်းရေ၊ မီး၊ မိလ္လာအပါအဝင်)

(ခ) ကျောက်ဆည်ခရိုင်လူမှုဝန်ထမ်းရုံး (မူလတန်းကြိုကျောင်းတွဲဖက်)

(၁၅၀’ * ၄၀’ * ၁၂’) +(၂၀’ * ၁၅’) ပေါ်တီကိုနှင့် (၂၀’ * ၁၅’) လျှောက်လမ်း RC (၂)ထပ် ရုံးအဆောက်အဦ (၁) လုံးဆောက်လုပ်ခြင်း (အတွင်းရေ၊ မီး၊ မိလ္လာအပါအဝင်)

(ဂ) မြစ်သာမူလတန်းကြိုကျောင်း

(၉၀’ * ၃၀’ * ၂၄’) (၂) ထပ် RC ကျောင်းဆောင် (၁) ဆောင်ဆောက်လုပ်ခြင်း (ရေ၊ မီး၊ မိလ္လာ) (၂၀’ * ၁၀’ * ၁၂’) ၊ (၁၆’ * ၁၀’

* ၁၂’) ၊ (၁၆’ * ၁၀’ * ၁၂’)ရေအိမ်သာနှင့် (၁၅’ * ၂၀’ * ၁၂’) ပေါ်တီကိုအပါအဝင်(၆၂၂၀ စတုရန်းပေ)

(ဃ) ချမ်းမြသာစည်မူလတန်းကြိုကျောင်း

(၁၀၅၉’-၃” * ၂’-၁.၅” * ၆’ * ၉”) မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ယင်းပေါ်တွင် (၁၀၅၅ Rft) ချိန်းလင့် ခြံစည်းရိုးကာရံခြင်း (ဂိတ်တံခါးအပါအဝင်)

၂။ အိတ်ဖွင့်တင်ဒါများကို အောက်ပါအစီအစဉ်အတိုင်း တင်သွင်းရန်ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာရယူရန် -           ၅-၁၀-၂၀၂၀ ရက်မှ ၃၁-၁၀-၂၀၂၀ ရက်ထိ

(ခ) တင်ဒါတင်သွင်းရန်               -           ၃-၁၁-၂၀၂၀ ရက်၊ ညနေ (၁၆:၀၀) နာရီထိ

(ဂ) တင်ဒါဖွင့်ရက်                      -           ၁၀-၁၁-၂၀၂၀ ရက်

၃။ အသေးစိတ်သိရှိလိုပါက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဖုန်း-၀၂-၄၀၆၁၁၅၀ နှင့် ၀၂-၄၀၇၂၁၀၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးကော်မတီ

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us