အကောက်ခွန်ဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော ICT System များအတွက် Maintenance ပြုလုပ်ခြင်း၊ Network Accessories များ ဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: October 1, 2020 - October 30, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော ICT System များအတွက် အောက်ပါတင်ဒါများကိုခေါ်ယူသွားမည်ဖြစ်ပါသည်-

(က) MACCS System တွင်အသုံးပြုမည့် Software, Hardware, Operation, LAN/WAN တို့အား Maintenance ပြုလုပ်ခြင်း

(ခ) PC (100) sets (including Window Update, Microsoft Word Office, License, Trend Micro Office Scan, etc…) နှင့် Printer (3 in 1) (Scanner, Copier and Printer) and accessories (10 Sets)(for Headquarter and other ports) အားဝယ်ယူခြင်း

(ဂ) MACCS စနစ်နှင့်သက်ဆိုင်သည့် Help Desk System အား Maintenance ပြုလုပ်ခြင်း

(ဃ) Vehicle & Cargo Checking System –VCCS System အား Maintenance ပြုလုပ်ခြင်း

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁-၁၀-၂၀၂၀) ရက်မှ (၃၀-၁၀-၂၀၂၀) ရက်အထိ ရုံးချိန်အတွင်း ရောင်းချသွားမည်ဖြစ်ပါသည်။

၃။ တင်ဒါလျှောက်လွှာများ နောက်ဆုံးလက်ခံမည့်နေ့ရက်နှင့်အချိန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာနောက်ဆုံးလက်ခံမည့်နေ့ရက်       -           ၃၀-၁၀-၂၀၂၀ ရက် (သောကြာနေ့)

(ခ) တင်ဒါလျှောက်လွှာနောက်ဆုံးလက်ခံမည့်အချိန်            -           ၁၆:၃၀ နာရီ

၄။ တင်ဒါဖွင့်ဖောက်မည့်နေ့ရက်အား ဝန်ကြီးဌာန Website ၊ ဦးစီးဌာန Website များ ( www.customs.gov.mm , www.maccs.gov.mm ) တို့တွင် ထပ်မံအသိပေး အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၅။ အိတ်ဖွင့်တင်ဒါပုံစံနှင့် တင်ဒါဆိုင်ရာအသေးစိတ်အချက်အလက်များကို (၁-၁၀-၂၀၂၀) ရက်နေ့မှစ၍ ရုံးချိန်အတွင်း အမှတ်(၁၃၂)၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန၊ ရုံးချုပ်(ဒုတိယထပ်)ရှိ (MACSS ဌာနခွဲ IT Section) ၏ ဖုန်းနံပါတ် ၀၁-၃၇၉၄၂၉ နှင့် မိုဘိုင်းဖုန်း နံပါတ် ၀၉-၂၅၉၇၅၅၁၅၀ များသို့ ဆက်သွယ်မေးမြန်း၍ ဝယ်ယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါ သည်။

တင်ဒါရွေးချယ်စိစစ်ရေးအဖွဲ့

အကောက်ခွန်ဦးစီးဌာန

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us