ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ရှိ ကျေးရွာများတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်ဆောက်လုပ်ခြင်း၊ ခြေနင်းလက်ဆေးခုံတပ်ဆင်ခြင်းလုပ်ငန်းများ (မာလ်တီဆာအင်တာနေရှင်နယ်)

October 1, 2020
Views: 143
Tender ID: 11946
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ပိတ်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: September 30, 2020 - October 15, 2020
NGO/INGO အမည်: မာလ်တီဆာအင်တာနေရှင်နယ်
အဖွဲ့အစည်း: | |   
တည်နေရာ: ကရင်ပြည်နယ်
Description
- :

မာလ်တီဆာအင်တာနေရှင်နယ် အဖွဲ့အစည်းသည် အစိုးရမဟုတ်သောအဖွဲ့ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် ရုံးချုပ်အခြေစိုက်၍ လူမှုရေးအထောက်အပံ့များကို ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဆောင်ရွက်လျက်ရှိပါသည်။ ကရင်ပြည်နယ်အတွင်း လူမှုရေးအခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့် ဒုက္ခသည်များ ပြန်လည်ပေါင်းစည်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ဘီအမ်ဇက်စီမံကိန်း၏ ရေနှင့်ပတ်၀န်းကျင်သန့်ရှင်းရေးဆိုင်ရာ အဆောက်အအုံများအတွက် လုပ်ငန်းရှင်များထံမှ ချိပ်ပိတ်တင်ဒါခေါ်ယူလိုပါသည်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ပိုင်ကျုံဒေသရှိ ကျေးရွာများတါင် အောက်ဖော်ပြပါ ဆောက်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါသွင်းမည့်တင်ဒါတွင် မာလ်တီဆာအင်တာနေရှင်နယ်၏ ထောက်ခံထားသော ဒီဇိုင်း၊ အရည်အသွေး၊ စံနှုန်းများနှင့် ကိုက်ညီသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပစ္စည်းအထောက်အပံ့များ ပါဝင်ရမည်ဖြစ်သည်။

၁။ ကျောင်း (၂) ကျောင်းတွင် ၄ လက်မ အကျယ်စက်ရေတွင်း (၂) ခု တူးဖော်ခြင်း (စမ်းသပ်တိုင်းထွာခြင်း၊ ကုန်ကျစရိတ်၊ ကွန်ကရစ်ခုံလုပ်ငန်း၊ ရေမြှုပ်ရေစုပ်စက်၊ မီးစက်နှင့် လေမှုတ်စက်အပါအဝင်) နှင့် မီးစက်အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း

၂။ ကျောင်း (၆) ကျောင်းတွင် ရေစင်ဆောက်လုပ်ခြင်းလုပ်ငန်း

ကျောင်း (၁၃) ကျောင်းတွင် ခြေနင်းလက်ဆေးခုံ (၁၅) စုံ တပ်ဆင်ခြင်းလုပ်ငန်း

ကျောင်း (၁၃) ကျောင်းတွင် ပိုက်လိုင်းတပ်ဆင်ခြင်းလုပ်ငန်း၊ ရေမြှုပ်ရေစုပ်စက်နှင့် မီးစက် (၇) စုံ၊ စက်အဆောက်အအုံ (၇) ခု ဆောက်လုပ်ခြင်းလုပ်ငန်း

အချက်အလက်များရယူရန်ရက်စွဲ  -           ၃၀ စက်တင်ဘာမှ ၁၅ အောက်တိုဘာ ၂၀၂၀ (ရုံးချိန်အတွင်း)

တင်ဒါပိတ်မည့်ရက်စွဲ                  -           ၁၅ အောက်တိုဘာ ၂၀၂၀ (ညနေ ၅ ၀၀)

တင်ဒါဖွင့်မည့်ရက်စွဲ                    -           ၁၆ အောက်တိုဘာ ၂၀၂၀ (မနက် ၁၀ ၀၀)

စိတ်ဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ ဆက်သွယ်ရမည့်လိပ်စာတွင် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ကရင်စီမံချက်ရုံး

မာလ်တီဆာအင်တာနေရှင်နယ်

အမှတ် ၂/ခ-၁၀၇၊ မန်း၀င်းမောင်လမ်း ၇ ရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်

ဖုန်း - ၀၉-၂၅၄၈၇၂၈၇၃၊ ၀၉-၂၅၄၈၇၂၈၇၄၊ ၀၉-၂၅၃၆၆၂၄၂၅

လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ အီးမေးလ်လိပ်စာတွင် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပြီး ချိပ်ပိတ်တင်ဒါ Soft Copies များကို တင်သွင်းနိုင်ပါသည်။

mb.procurement-kayinstatemyanmar@malteser-international.org

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us