စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေလမ်း၊ ကွန်ကရစ်လမ်း၊ သစ်သားတံတား၊ Box Culvert နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 1, 2020 - November 3, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ်ဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ရယူ၍ အောက်ပါအစီအစဥ်အတိုင်း တင်သွင်းနိုင်ပါသည်။

ကျေးလက်ကုန်ထုတ်လမ်း၊ မြေလမ်း (၁) လမ်း၊ ဂျင်းလမ်း (၂) လမ်း၊ မြေဂျင်းလမ်း (၆) လမ်း၊ ကွန်ကရစ်တံတား (၃၅) စင်း၊ သစ်သားတံတား (၂) စင်း၊ ရေကျော် (၇) စင်း၊ Box Culvert (၂၉) စင်း၊ Pipe Culvert (၁၉) စင်း၊ ကျေးလက်‌ရေပေးရေးလု်ငန်း၊ တွင်းတိမ် (၃) တွင်း၊ တွင်းနက် (၁၀၃) တွင်း၊ လက်တူးတွင်း (၃) တွင်း၊ မြေသားရေကန် (၁) ခု၊ စိမ့်စမ်း (၃၅) ခု၊ အခြားရေရရှိရေး (၁၅) ခုနှင့် ဝန်ထမ်းအိမ်ရာ (၃) လုံး တည်ဆောက်ခြင်း

(၁) အိတ်ဖွင့်တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်      -           ၁-၁၀-၂၀၂၀ ရက်

(၂) အိတ်ဖွင့်တင်ဒါလျှောက်လွှာ တင်သွင်းရမည့်ရက်/အချိန်  -           ၃-၁၁-၂၀၂၀ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ

(၃) အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်နေရာ                           -           စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မုံရွာမြို့

၂။ သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။

၃။ အသေးစိတ်သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖုန်း - ၀၇၁-၂၀၃၂၅၃၄၊ ၂၀၃၂၇၇၃ နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း - ၀၇၁-၂၀၂၆၅၂၀၊ ၂၀၂၆၁၉၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us