ပဲခူးတိုင်းဒေသကြီးအတွင်း ရေနုတ်မြောင်းတူးဖော်ခြင်း၊ ချောင်းကော/မြောင်းကောတူးဖော်ခြင်း၊ တာပုံစံကျပြုပြင်ခြင်းလုပ်ငန်းများ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: November 4, 2020 - November 6, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ကျပ်(၁၀)သန်းမှ ကျပ်သန်း(၁၀၀)အထက် တင်ဒါခေါ်ယူဆောင်ရွက်မည့် ရေနုတ်မြောင်းတူးဖော်ခြင်း၊ ချောင်းကော/မြောင်းကောတူးဖော်ခြင်း၊ တာပုံစံကျပြုပြင်ခြင်းတို့ကို လုပ်ငန်းဆောင်ရွက်လိုသူများမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

၂။ လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များနှင့် ပတ်သက်၍လည်းကောင်း၊

အသေးစိတ်အချက်အလက်များနှင့် သိရှိလိုသည်များကို အောက်ပါလိပ်စာနှင့် ဖုန်းအမှတ်များတွင် ရုံးချိန်အတွင်း မေးမြန်းပြီးဝယ်ယူစုံစမ်းနိုင်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက်          -           ၄-၁၁-၂၀၂၀ ရက်မှ ၆-၁၁-၂၀၂၀ ရက်အထိ

တင်ဒါတင်သွင်းရမည့်ရက်           -           ၁၈-၁၁-၂၀၂၀ ရက်မှ ၂၀-၁၁-၂၀၂၀ ရက်၊ ညနေ ၄ နာရီအထိ

တင်ဒါဖွင့်လှစ်မည့်ရက်                -           ၂၃-၁၁-၂၀၂၀ ရက်(ဗုဒ္ဓဟူးနေ့) နံနက် (9:၃၀) နာရီ

တင်ဒါပုံစံရောင်းချမည့်နေရာ        -           ညွှန်ကြားရေးမှူး၊ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့

တင်ဒါဖွင့်လှစ်မည့်နေရာ              -           ကြည်သာချမ်းမြဓမ္မာရုံ၊တိုင်းဆည်မြောင်းဝင်း

မှတ်ချက်။ ။ လတ်တလောဖြစ်ပွားနေသည့် Covid-19 ရောဂါအခြေအနေကြောင့်ဖော်ပြပါရက်များ ပြောင်းလဲနိုင်ပါသည်။

ညွှန်ကြားရေးမှူးရုံး

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့

အသေးစိတ်သိရှိလိုပါက ဖုန်း-၀၅၂-၂၂၃၀၀၃၅၊ ၀၅၂-၂၂၃၀၂၆၀၊၀၉-၄၃၀၃၁၇၄၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us