ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏လုပ်ငန်းများအတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 19, 2020 - October 20, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ကျပ်(၁၀)သန်းမှ ကျပ်သန်း(၁၀၀)အထိ လုပ်ငန်းများမှ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းဝယ်ယူခြင်းအတွက် တင်ဒါခေါ်ဆိုရာတွင် ရောင်းချပေးသွင်းလိုသူများထံမှ  အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များနှင့်သိရှိလိုသည်များကို အောက်ပါလိပ်စာနှင့် ဖုန်းအမှတ်များတွင် ရုံးချိန်အတွင်း မေးမြန်းပြီးဝယ်ယူစုံစမ်းနိုင်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက်          -           ၁၉-၁၀-၂၀၂၀ ရက်မှ ၂၀-၁၀-၂၀၂၀ ရက်အထိ

တင်ဒါတင်သွင်းရမည့်ရက်           -           ၂၆-၁၀-၂၀၂၀ ရက်မှ ၂၇-၁၀-၂၀၂၀ ရက်၊ ညနေ ၄ နာရီအထိ

တင်ဒါဖွင့်လှစ်မည့်ရက်                -           ၃-၁၁-၂၀၂၀ ရက်(အင်္ဂါနေ့) နံနက် (၁၀) နာရီ

တင်ဒါပုံစံရောင်းချမည့်နေရာ        -           ညွှန်ကြားရေးမှူး၊ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့

တင်ဒါဖွင့်လှစ်မည့်နေရာ              -           ကြည်သာချမ်းမြဓမ္မာရုံ၊ တိုင်းဆည်မြောင်းဝင်း

မှတ်ချက်။ ။ လတ်တလောဖြစ်ပွားနေသည့် Covid-19 ရောဂါအခြေအနေကြောင့်ဖော်ပြပါရက်များ ပြောင်းလဲနိုင်ပါသည်။

ညွှန်ကြားရေးမှူးရုံး

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့

အသေးစိတ်သိရှိလိုပါက ဖုန်း-၀၅၂-၂၂၃၀၀၃၅၊ ၀၅၂-၂၂၃၀၂၆၀၊၀၉-၄၃၀၃၁၇၄၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us