ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)တွင် စားသောက်ဆိုင်ခန်း၊ ဆရာ/မဆောင်၊ အားကစားခန်းမနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

October 1, 2020
Views: 132
Tender ID: 11958
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 26, 2020
တည်နေရာ: မကွေးတိုင်းဒေသကြီး
Description
- :

၁။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ) တွင် အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၁။ သုံးထပ်ပင်မဆောင်ပတ်လမ်း (၂၀၀၀’ ၁၂’-၀” ၈”) (Concrete Road)

၂။ စားသောက်ဆိုင်ခန်း (၁) ထပ် (၁၂၅’ x ၃၅’) (ပြင်ပမီးသွယ်တန်းခြင်းအပါအဝင်) (၁) လုံးဆောက်လုပ်ခြင်းလုပ်ငန်း

၃။ ဘက်စုံသုံးအားကစားခန်းမ (၁၂၀’ x ၈၈’ x ၂၇”) (ရေမီးအပါအဝင်)၊ အဝင်လမ်း(၁၀၀’ x ၁၂’ x ၈”) ဆောက်လုပ်ခြင်းလုပ်ငန်း ၊ Steel Structure

၄။ ၄ ခန်းတွဲ ၄ ထပ် ဆရာ/မအဆောင် RC (၁၀၀’ * ၃၀’)၊ အဆောင်အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”)၊ပြင်ပရေ (၄”) အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ဆံ့မြေအောက်ရေလှောင်ကန်၊5.5HP Submersible Pump နှင့် အဆောက်အအုံပြင်ပ မီးသွယ်တန်းခြင်းအပါအဝင်(၂) လုံးတည်ဆောက်ခြင်းလုပ်ငန်း

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၂၆-၁၀-၂၀၂၀၊ ညနေ  ၄ နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ, စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း -၀၉-၈၉၄၂၁၅၅၃၃ နှင့် admin@ucspkku.edu.mm သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)

 

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us