ကချင်ပြည်နယ်စီမံကိန်းဦးစီးရုံးတွင် ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်း၊ ပါကေးခင်းခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: October 1, 2020 - October 28, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

၁။ ကချင်ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းများအတွက် စိတ်ဝင်စားသူ ကုမ္ပဏီ/အဖွဲ့အစည်းများကို အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်။

 

(က) ဝိုင်းမော်မြို့နယ်စီမံကိန်းဦးစီးရုံး၊ ဝန်ထမ်းအိမ်ရာ (၂) ခန်းတွဲ (၃) ထပ် (၄၈’ x ၃၀’ x ၃၄’) ဆောက်လုပ်ခြင်းနှင့် ခြံစည်းရိုးအုတ်တံတိုင်း (၁၁၅’ x ၆၀’) ကာရံခြင်း

(ခ) ချီဖွေမြို့နယ်စီမံကိန်းဦးစီးရုံး၊ အုတ်တံတိုင်းနှင့် သံပန်းတံခါးပြုလုပ်ခြင်း (၄၂၂’ x ၆”) နှင့် ရုံးအနောက် မြေထိန်းနံရံပြုလုပ်ခြင်း (၁၀၃’ x ၆”)

(ဂ) မိုးညှင်းခရိုင်စီမံကိန်းဦးစီးရုံး အနောက်ဘက်ခြမ်းခြံစည်းရိုးကာရံခြင်း (၃၄၃’) ခြံစည်းရိုးကာရံခြင်း (၄” ခွဲ) အုတ်ရိုးစီခြင်း (အမြင့် ၆”)

(ဃ) ပူတာအိုခရိုင်စီမံကိန်းဦးစီးရုံး ဝန်ထမ်းအိမ်ရာရှိ VIP ဧည့်ရိပ်သာ ပါကေးခင်းခြင်း

(င) ပူတာအိုခရိုင်စီမံကိန်းဦးစီးရုံးဝင်း ခြံစည်းရိုးကာရံခြင်း (၁၁၅’ x ၁၂၀’ x ၆’)

(စ) နောင်မွန်းမြို့နယ်စီမံကိန်းဦးစီးရုံးအ၀င်၊ အထွက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း (အကျယ် ၁၅’ x အရှည် ၁၆၅’x အထူ ၈”) နှင့် ကွန်ကရစ်ရေ‌မြောင်းဖုံး (၂) ခု ပြုလုပ်ခြင်း

 

၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို ကချင်ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် ၁-၁၀-၂၀၂၀ ရက်မှစ၍ ဝယ်ယူနိုင်ပြီး ၂၈-၁၀-၂၀၂၀ ရက် ၁၆ ၃၀ နာရီ နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းလွှာ တင်သွင်းသည့်အခါ ကုမ္ပဏီ၏ Profile ဆိုင်ရာ သီးသန့်ချိပ်ပိတ်စာအိတ်ကိုပါ တင်သွင်းရမည်ဖြစ်ပါသည်။

၄။ အသေးစိတ်အချက်အလက်ကို သိရှိလိုပါက ကချင်ပြည်နယ်စီမံကိန်းဦးစီးရုံး ဖုန်း -၀၇၄-၂၂၄၄၀၊ ၂၃၃၃၉ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ

ကချင်ပြည်နယ်စီမံကိန်းဦးစီးရုံး

မြစ်ကြီးနားမြို့

၁ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us