ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၏ မြို့နယ် (၇) ခုအတွင်း ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ၊ ကုန်ထုတ်လမ်းတံတားများနှင့် အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းများ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 5, 2020 - October 27, 2020
တည်နေရာ: ကရင်ပြည်နယ်
Description
- :

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကရင်ပြည်နယ်၏ မြို့နယ် (၇) ခုအတွင်း ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ၊ ကုန်ထုတ်လမ်းတံတားများနှင့် အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရန်အလို့ငှာ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အောက်ပါအစီအစဥ်အတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

(က) တင်ဒါစတင်ရောင်းချမည့်ရက်          -           ၅-၁၀-၂၀၂၀ ရက်၊ တနင်္လာနေ့

(ခ) တင်ဒါရောင်းချမှုပိတ်သိမ်းမည့်ရက်     -           ၂၇-၁၀-၂၀၂၀ ရက်၊ အင်္ဂါနေ့

(ဂ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်   -           ၅-၁၁-၂၀၂၀ ၇က်၊ ကြာသပတေးနေ့၊ ၁၆ ၃၀ နာရီ

၃။ တင်ဒါဖွင့်လှစ်မည့်ရက်အား သီးခြားထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များနှင့် လုပ်ငန်းစာရင်းများအား ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ လှာကမြင်ကွက်သစ်၊ ဘားအံမြို့တွင် လာရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ ဖုန်း - ၀၅၈-၈၉၀၄၀၀၂၊ ၀၅၈-၈၉၀၄၀၀၄ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းခြင်းဖြင့်လည်းကောင်း စုံစမ်းသိရှိနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူရေးအဖွဲ့

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us