သာသနာရေးဦးစီးဌာနမှ ကမ္ဘာအေးကုန်းမြေ၊ အမထမ်းအိမ်ရာ RC (၄) ထပ် ၂ လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 2, 2020 - November 1, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ‌ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးကုန်းမြေ၊ အမထမ်းအိမ်ရာ (၉၀'x၄၀'x၄၈')(၆)ခန်းတွဲ RC (၄) ထပ် ၂ လုံး ဆောက်လုပ်ခြင်း (ရေ ၊ မီး ၊ မိလ္လာအပါအဝင်) လုပ်ငန်းအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်-

တင်ဒါပုံစံရောင်းချမည့်ရက်/ အချိန်           -          ၂-၁၀-၂၀၂၀ရက်မှ ၁-၁၁-၂၀၂၀ရက်ထိ၊ ၉:၃၀နာရီမှ ၁၆:၀၀နာရီအထိ

တင်ဒါပုံစံတင်သွင်းရမည့်ရက်/အချိန်         -           ၃-၁၁-၂၀၂၀ (အင်္ဂါနေ့)၊ ၉:၃၀နာရီမှ ၁၁:၀၀နာရီအထိ

တင်ဒါဖွင့်မည့်ရက်/ အချိန်                        -          ၃-၁၁-၂၀၂၀ (အင်္ဂါနေ့) (မွန်းတည့် ၁၂:၀၀နာရီ)

တင်ဒါပုံစံရောင်းချမည့်နေရာ                    -           (၁) သာသနာရေးဦးစီးဌာန၊ ရုံးအမှတ် (၃၁) ၊ နေပြည်တော်။

(၂) ရန်ကုန် (ရုံးခွဲ)၊ နယ်မြေပြုပြင်ထိန်းသိမ်းရေးနှင့် လုံခြုံရေးဌာနစု၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မိ။

တင်ဒါဖွင့်မည့်နေရာ                                -           သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁) ၊ နေပြည်တော်။

၂။ တင်ဒါနှင့်စပ်လျဥ်း၍ အသေးစိတ်အချက်အလက်များသိရှိလိုပါက သာသနာရေးဦးစီးဌာန၊ နေပြည်တော် (ဖုန်း - ၀၆၇-၃၄၀၆၀၄၇) နှင့် ရန်ကုန်ရုံးခွဲ၊ နယ်မြေပြုပြင်ထိန်းသိမ်းရေးနှင့် လုံခြုံရေးဌာနစု၊ (ဖုန်း-၀၁-၆၆၅၅၇၈) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန

 

၂ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us