ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအတွက် စက်ကိရိယာပစ္စည်း (၃၀) မျိုးနှင့် ရုံးအသုံးအဆောင်ပစ္စည်း (၁၂) မျိုး ဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: October 7, 2020 - November 5, 2020
တည်နေရာ: နေပြည်တော်
ဒေါင်းလုပ် လုပ်ရန်
Description
- :

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ငွေလုံးငွေရင်းအသုံးစားရိတ်မှ စက်ကိရိယာပစ္စည်း (၃၀) မျိုးနှင့် သာမန်အသုံးစရိတ်မှ ရုံးအသုံးအဆောင်ပစ္စည်း (၁၂) မျိုးကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး တင်ဒါပုံစံများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်‌ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂၉) နေပြည်တော်နှင့် ကုန်းလမ်းပို့ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး (ရန်ကုန်) သံသုမာလမ်း ၊ မြင်သာ၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ ဝယ်ယူရာတွင် ကုမ္ပဏီတခုလျှင် ကိုယ်စားလှယ်တဦးသာ Covid-19 ရောဂါဆိုင်ရာ အကာအကွယ် (Mask နှင့် Face Shield) များ ဝတ်ဆင်၍ လာရောက်ဝယ်ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စက်ကိရိယာပစ္စည်း (၃၀) မျိုး

တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက်    -           ၇-၁၀-၂၀၂၀ ရက်မှ ၅-၁၁-၂၀၂၀ ရက်အထိ

တင်ဒါပိတ်မည့်ရက်နှင့်အချိန်                   -           ၆-၁၁-၂၀၂၀ ရက် (သောကြာနေ့) ၁၄ ၀၀ နာရီ

တင်ဒါဖွင့်ဖောက်မည့်ရက်                        -           ၁၆-၁၁-၂၀၂၀ ရက် (တနင်္လာနေ့)

ရုံးအသုံးအဆောင်ပစ္စည်း (၁၂) မျိုး

တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက်    -           ၇-၁၀-၂၀၂၀ ရက်မှ ၅-၁၁-၂၀၂၀ ရက်အထိ

တင်ဒါပိတ်မည့်ရက်နှင့်အချိန်                   -           ၉-၁၁-၂၀၂၀ ရက် (တနင်္လာနေ့) ၁၄ ၀၀ နာရီ

တင်ဒါဖွင့်ဖောက်မည့်ရက်                        -           ၁၈-၁၁-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)

၃။ တင်ဒါတင်သွင်းရန် တင်ဒါလျှောက်လွှာပုံစံဝယ်ယူသည့်နေရာတွင် ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်‌ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန (အစည်းအဝေးခန်းမ) တရုံးအမှတ် (၂၉) နေပြည်တော်တွင် တင်ဒါဖွင့်လှစ်မည်ဖြစ်ပါသည်။

၄။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website www.motc.gov.mm နှင့် ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန Website www.rtad.gov.mm, www.myanmarrtad.com  တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ဖုန်း - ၀၆၇-၄၀၅၃၆၂၊ ၀၆၇-၄၀၅၀၀၉၉၊ ၀၆၇-၄၀၅၃၀၅

၀၁-၅၇၃၁၀၇၊ ၀၁-၅၇၃၁၀၆

၂ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us