အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) တွင် ကျောင်းသူ/သားအိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း

October 2, 2020
Views: 132
Tender ID: 12051
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 3, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

 

 

၁။ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်.

(၁) အစိုးရစက်မှုလက်မှုသိပွံ (ပူတာအို)

(က) (၂၁၁’ x ၇၀’) သံကူကွန်ကရစ် (၂) ထပ် ကျောင်းသား/သူအိပ်ဆောင် (၁) လုံး

(ခ) ဝန်ထမ်းအိမ်ရာ ၊ RC (၄) ခန်းတွဲ (၂) ထပ် (၇၈’ x ၉၄’) (၁) လုံး

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၅-၁၀-၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၃-၁၁-၂၀၂၀ ၇က်၊ ညနေ ၄ နာရီနောက်ဆုံးထား၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) တွင် တင်ဒါတင်သွင်းရမည် ဖြစ်ပါသည်.

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတို့တင်သွင်းလိုသည့် လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခ့ကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာ မိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။ လုပ်ငန်းတခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း -၀၉-၂၆၀၅၂၁၇၁၈ နှင့် ၀၉-၇၈၃၂၂၀၈၁၀ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

ကချင်ပြည်နယ်အစိုးရအဖွဲ့

မြစ်ကြီးနားမြို့

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us