အစိုးရနည်းပညာကောလိပ် (မိုးညှင်း) တွင် စာသင်ဆောင်၊ ကျောင်းသူ/သားအိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ‌

October 2, 2020
Views: 106
Tender ID: 12053
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 3, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

၁။ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာကောလိပ် (မိုးညှင်း) အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်.

(၁) အစိုးရနည်းပညာကောလိပ် (မိုးညှင်း)

(က) စာသင်ဆောင် (၃) ထပ် RC (၁၉၂’ x ၃၈’) (၁) လုံး

(ခ) ကျောင်းသား/သူအိပ်ဆောင် (၄) ထပ် RC (၂၁၁’ x ၇၀’) (၁) လုံး

(ဂ) အမှုထမ်းအိမ်ရာ (၄) ထပ် RC (၈၂’ x ၅၇’) (၁) လုံး

(ဃ) အရာထမ်းအိမ်ရာ RC လေးခန်းတွဲ (၄) ထပ် (၇၈’ x ၉၄’) (၁) လုံး

(င) ကျောင်းဝင်းအတွင်း လမ်းများဆောင်ရွက်ခြင်း (ကွန်ကရစ်) ၂၆၁၁’ x ၁၂’ x ၈”

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၅-၁၀-၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၃-၁၁-၂၀၂၀ ၇က်၊ ညနေ ၄ နာရီနောက်ဆုံးထား၍ အစိုးရနည်းပညာကောလိပ် (မိုးညှင်း)တွင် တင်ဒါတင်သွင်းရမည် ဖြစ်ပါသည်.

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတို့တင်သွင်းလိုသည့် လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခ့ကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရနည်းပညာကောလိပ် (မိုးညှင်း) ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာ မိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။ လုပ်ငန်းတခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း -09-400413107 နှင့် 09-789972382 , 09-400017998 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

ကချင်ပြည်နယ်အစိုးရအဖွဲ့

မြစ်ကြီးနားမြို့

 

 

 

Contact Information
Phone: 09-400413107
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us