နည်းပညာတက္ကသိုလ် (‌‌တောင်ငူ)တွင် အားကစားခန်းမ၊ ကျောင်းသူ/သားအိပ်ဆောင်နှင့် ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းများ

October 2, 2020
Views: 129
Tender ID: 12061
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 6, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (‌‌တောင်ငူ) တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်.

(၁) ဘက်စုံသုံးအားကစားခန်းမ (၁၂၀’ x ၈၈’ x ၂၇”) (ရေမီးအပါအဝင်)၊အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”) ဆောက်လုပ်ခြင်းလုပ်ငန်း Steel Structure

(၂) (၁၆၀)ဦးဆံ့ ကျောင်းသား/သူအိပ်ဆောင် ၂ထပ် RC (၂၁၂’ x ၁၃၂)  (၂၆၉၂၄ စ/ပေ) (၁) လုံးနှင့်  ထမင်းစားဆောင် (၁၂၂’ x ၄၈)   (၅၈၅၆ စ/ပေ) (ရေမီးအပါအဝင်) အဆောင်အဝင်လမ်း (၀၀’ x ၁၂’ x ၈”)  ၊ ၄” ရေတွင်း၊ ဂါလန် (၁၂၀၀၀) ဆံ့ မြေအောက် ရေလှောင်ကန် 5.5HP Submersible Pump နှင့် ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်း

(၃) 315 KVA Transformer (11/0.4 KV) တပ်ဆင်ခြင်း (400 V main distrigution panel with change over switch two poles intake structure capacitor bank 230 KVA auto voltage stabilizer ACSR/ABC Cival & under calbe) 11 KF Line 1000’ ခန့်ဆွဲခြင်း အပါအဝင်

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၅-၁၀-၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၆-၁၁-၂၀၂၀ ၇က်၊ ညနေ ၃ နာရီနောက်ဆုံးထား၍ အစိုးရနည်းပညာကောလိပ် (မိုးညှင်း)တွင် တင်ဒါတင်သွင်းရမည် ဖြစ်ပါသည်.

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတို့တင်သွင်းလိုသည့် လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခ့ကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး နည်းပညာတက္ကသိုလ် (‌‌တောင်ငူ) ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာ မိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။

၄။ အိတ်ဖွင့်တင်ဒါရောင်းချမည့်လိပ်စာနှင့် တင်သွင်းရမည့်လိပ်စာမှာ နည်းပညာတက္ကသိုလ် (‌‌တောင်ငူ) ဖြစ်ပါသည်။

၅။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက နည်းပညာတက္ကသိုလ် (‌‌တောင်ငူ) ဖုန်း - ၀၉-၄၅၈၀၂၅၁၄၊ ၀၉-၄၃၁၆၂၅၀၇ တို့သို့  ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us