သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်မည့် တည်ဆောက်ရေးလုပ်ငန်း (၁) ခု၏ လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 3, 2020 - November 4, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ကွပ်ကဲမှုအောက်ရှိ သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း (၁) ခု၏ လုပ်ငန်းသုံးပစ္စည်းများအား ဝယ်ယူရန်ရှိပါသဖြင့် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက် -           ၃-၁၀-၂၀၂၀ ရက်မှ ၄-၁၁-၂၀၂၀ ရက်ထိ

(ခ) တင်ဒါစိစစ်မည့်ရက်နှင့် အချိန်            -           ၅-၁၁-၂၀၂၀ ရက် နံနက်(၁၀:၀၀)နာရီ

(ဂ) တင်ဒါစိစစ်မည့်နေရာ                        -           သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ

၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး (အင်ဂျင်နီယာဌာနခွဲ)၊ ရုံးဖုန်း - ၀၉-၄၃၀၄၉၃၀၁၊ ၀၉-၇၈၂၇၅၂၇၇၅၊ ၀၉-၄၂၀၂၁၄၃၅၃ တွင် နေ့စဥ်ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့

 

၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us