ပြည်ပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား‌ဆောင်၊ သိပ္ပံလက်တွေ့ဆောင်၊ ကျောင်းအုပ်ကြီးနေအိမ်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

October 3, 2020
Views: 30
Tender ID: 12168
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 6, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်ပညာရေးဒီဂရီကောလိပ်တွင်  အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

လုပ်ငန်းတည်နေရာ    -        ပြည်ပညာရေးဒီဂရီကောလိပ်၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး

လုပ်ငန်းအမျိုးအစား               

၁။ (၁၉၂'x၃၈') (၃) ထပ် ICTနှင့် သိပ္ပံလက်ေတွဆောင် (RC) (၁)ဆောင် ဆောက်လုပ်ခြင်း။                  - (၁)လုံး

၂။ (၁၀၀'x၈၀') (၃) ထပ် အုပ်ချပ်မအဆောင် (RC) (ခန်းမအပါအဝင်) (၁)လုံး ဆောက်လုပ်ခြင်း။           - (၁)လုံး

၃။ (၂၁၂'x၃၄') သင်တန်းသား(၃၂၀)ဆံ့ (၄)ထပ်အိမ်ေဆာင်(RC)  ရေချိုးခန်းရေလောင်းအိမ်သာ အပါအဝင်နှင့် (၁၂၂'x၄၈') စားသောက်ဆောင်နှင့် စားဖိုဆောင်အပါအဝင် (၁)ဆောင် ဆောက်လုပ်ခြင်း။ (၅၈၅၇၄ စ/ပေ)               - (၂)လုံး

၄။ (၁၀၀'x၃၀') (၄)ခန်းတွဲ (၄)ထပ် (၂)လုံး ဝန်ထမ်းအိမ်ရာ(RC)(၁)လုံး ဆောက်လုပ်ခြင်း။                   - (၂)လုံး

၅။  (၄၀'x၄၁') ကျောင်းအုပ်ကီးနေအိမ် RC (၁)ထပ်(၁)လုံး ဆောက်လုပ်ခြင်း။                                     - (၁)လုံး

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၅-၁၀-၂၀၂၀ ရက်မှစတင်၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၆-၁၁-၂၀၂၀ ရက်၊ ၁၆:၃၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူများသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါ အာမခံကြေးကို အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ပြည်ပညာရေးဒီဂရီကောလိပ်၊ ဘဏ္ဍာဌာနတွင် ကျသင့်ငွေပေးသွင်းပြီး၊ ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်းတစ်ခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံ တစ်ခုချင်းတင်သွင်းရမည် ဖြစ်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါနှင့် သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသော အချက်များရှိပါက ဖုန်း-၀၅၃-၂၇၅၁၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us