ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအတွက် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 28, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ပြည်နယ်/ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် အောက်ပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

 

လုပ်ငန်းအမျိုးအစား        -           ဝန်ထမ်းအိမ်ရာ RC (၂) ထပ် - (၁၀၀’ x ၃၈’ x ၂၄’)

လုပ်ငန်းတည်နေရာ        -           ကျိုင်းတုံ ဒု-ပြည်နယ်ရုံး   - Lot 1

 

၂။ တင်ဒါကြေးသွင်းလိုသူများသည် သက်ဆိုင်ရာလုပ်ငန်းများ သတ်မှတ်ထားသည့် တင်ဒါအာမခံကြေး ပေးသွင်းပြီးမှ အိတ်ဖွင့်တင်ဒါပုံစံ တင်သွင်းရမည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်/ အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်လိပ်စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တင်ဒါရောင်းချမည့်ရက်  -           ၁-၁၀-၂၀၂၀ ရက်

တင်ဒါပိတ်မည့်ရက်        -           ၂၈-၁၀-၂၀၂၀ ရက်၊ ၁၆ ၃၀ နာရီ

တင်ဒါတင်သွင်းရမည့်နေရာ         -           ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၊ တောင်ကြီးမြို့

အသေးစိတ်သိရှိလိုပါက (၀၈၁-၂၁၂၅၅၀၃၊ ၀၉-၄၂၀၇၀၀၄၅၇၊ ၀၉-၄၂၈၃၄၀၂၇၇) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(တင်ဒါဖွင့်မည့်ရက်အား ကြိုတင်ဆက်သွယ်၍ အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်)

အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးမြို့

 

၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us