ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းတွင် တန်ဖိုးနည်းနေအိမ်တည်ဆောက်ရေးလုပ်ငန်းများအတွက် ပစ္စည်းပေးသွင်းခြင်းနှင့် လုပ်ငန်းကြီးကြပ်ခြင်းတင်ဒါ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 5, 2020 - November 2, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းတွင် တန်ဖိုးနည်းနေအိမ် (၂၀’ x ၁၅’ x ၉’) အမြင့် ဝါးထရံကာ၊ သွပ်မိုးအိမ်ငယ်များကို Cash For Work အစီအစဥ်ဖြင့် တည်ဆောက်မည့် ကျေးရွာများအတွက် တည်ဆောက်ရန်ရှိပြီး ၎င်းအိမ်များအတွက် လုပ်ငန်းအရောက် ပစ္စည်းပေးသွင်းခြင်းနှင့် လုပ်ငန်းကြီးကြပ်ခြင်းအတွက် တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ တင်ဒါလျှောက်လွှာများကို ရောင်းချ/လက်ခံခြင်းကို ရခိုင်ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အထောက်အကူပြုအဖွဲ့ရုံး၊ စစ်တွေမြို့နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မောင်တောခရိုင်၊ မောင်တောမြို့တို့တွင် ၅-၁၀-၂၀၂၀ ရက်မှ ၂-၁၁-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ရောင်းချ/လက်ခံသွားမည်ဖြစ်ပါသည်။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပြည်နယ်တည်‌ဆောက်ရေးလုပ်ငန်းအထောက်အကူပြုအဖွဲ့ရုံး၊ စစ်တွေမြို့၊ ဖုန်း - ၀၉-၄၅၈၃၄၄၄၇၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေး/စိစစ်ရေးလုပ်ငန်းကော်မတီ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်တွေမြို့

 

၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us