အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး၊ ပင်းပက်၊ ပင်လုံ၊ လားရှိုး)များ၏ တည်ဆောက်ရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 3, 2020
Views: 40
Tender ID: 12233
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 4, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

ပြည်နယ်အစိုးရအဖွဲ့

ရှမ်းပြည်နယ်

တောင်ကြီးမြို့

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး၊ ပင်းပက်၊ ပင်လုံ၊ လားရှိုး) နှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းများ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ပါဝင်စားသော ကုမ္ပဏီများအား  အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

(က) အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)                               လုပ်ငန်း (၃) ခု

(ခ) အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)           လုပ်ငန်း (၆) ခု

(ဂ) အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)   လုပ်ငန်း (၂) ခု

(ဃ) အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)     လုပ်ငန်း (၃) ခု

(င) အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး)     လုပ်ငန်း (၁) ခု

(စ) ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း             လုပ်ငန်း (၂) ခု

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၅-၁၀-၂၀၂၀ ရက်မှစ၍ သက်ဆိုင်ရာကျောင်းများ၌ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၄-၁၁-၂၀၂၀ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်သွင်းကြရမည်။

၃။ အထက်ပါတည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးစစ်ဆေးပေးရန်အတွက် စိတ်ပါဝင်စားသော ..ကုမ္ပဏီများလည်း လာရောက်လျှောက်ထားနိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

 

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း  ဖုန်း - ၀၉-၄၀၂၅၉၈၀၃၅ (တောင်ကြီး), ၀၉-၄၂၆၅၉၁၇၅၇ (ပင်းပက်)၊ ၀၉-၂၅၈၇၀၇၉၇၉ (ပင်လုံ) ၊ ၀၉-၄၄၄၁၁၁၃၂၁ (လားရှိုး)၊ ၀၉-၂၅၄၁၀၂၂၃၇ (‌ညောင်ရွှေ) နှင့်  နှင့် http://gthstaunggyi.tvet.edu.mm/index.php/blog/news  တို့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်‌ရေးကော်မတီ

Contact Information
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us