အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 3, 2020
Views: 48
Tender ID: 12234
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 5, 2020
တည်နေရာ: မကွေးတိုင်းဒေသကြီး
Description
- :

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးမြို့

အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) တွင် အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

(က)  စာသင်ဆောင် RC (၃) ထပ် (၁၉၂' x ၃၈') (၁) လုံး (ရေ၊ မီး၊ မိလ္လာ၊ ရေလှောင်ကန်အပါအဝင်)

 

(ခ) အလုပ်ရုံ (၁) ထပ် (Steel Structure) (၁၂၅' x ၈၂')  အမြင့် (၁၈’) (၁) လုံး

 

(ဂ) ကျောင်းတွင်းကွန်ကရစ်လမ်းခင်းခြင်း၊ (အရှည်ပေ - ၃၀၀၀ x ထု ၈” x အကျယ် ၁၈’)  

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို  ၅-၁၀-၂၀၂၀ ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၅-၁၁-၂၀၂၀ ရက်  ညနေ (၄) နာရီ နောက်ဆုံးထား၍ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) ၌ တင်သွင်းရမည်ဖြစ်ပါသည်။

 

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း   အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး) ဖုန်း - ၀၆၃-၂၀၂၈၇၀၂၊ ၀၉-၂၅၆၁၄၄၁၆ နှင့် Email: gthsmgy@dtve.org မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန ဖုန်း ၀၆၃-၂၀၂၈၁၃၁ သို့ ဆက်သွယ်‌မေးမြန်း စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Contact Information
Phone: 063-2028702
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us