ဟုမ္မလင်းမြို့ ၊ လဟယ် နှင့် လေရှီးမြို့တို့တွင် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 3, 2020
Views: 133
Tender ID: 12243
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 5, 2020 - October 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေးဝန်ကြီးဌာန

အဆောက်အဦ ဦးစီးဌာန

တည်ဆောက်ရေးအဖွဲ့(၂) ၊ အဆောက်အဦအထူးအဖွဲ့ (၆)

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း၊ တင်ဒါအမှတ်စဥ် (၁)

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂) ၊ အဆောက်အဦအထူးအဖွဲ့ (၆)မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့ ၀ိဇ္ဇာ/သိပ္ပံဘာသာရပ်သင် ကောလိပ်တည်ဆောက်ခြင်းလုပ်ငန်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (လဟယ်) နှင့် လေရှီးမြို့တို့တွင် အသုံးပြုရန်အတွက် လိုအပ်သော စံချိန်စံညွှန်းမီအရည်အသွေးပြည့်ဝသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် ပစ္စည်းပေးသွင်းလိုသူများ တင်ဒါပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်ကြော်ငြာအပ်ပါသည်။

တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်            -           ၅-၁၀-၂၀၂၀ ရက်

တင်ဒါလျှောက်လွှာပိတ်မည့်ရက်/အချိန်                 -           ၂၉-၁၀-၂၀၂၀ ရက်၊ ညနေ ၄ ၃၀ နာရီ

တင်ဒါဖွင့်ပွဲကျင်းပမည့်ရက်/အချိန်                        -           ၈-၁၂-၂၀၂၀ (အင်္ဂါနေ့)၊ နံနက် ၁၀ နာရီ

တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ                                -           ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့

၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ အဆောက်အဦအထူးအဖွဲ့ (၁၀) မုံရွာမြို့နှင့် ဒု- ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ အဆောက်အဦအထူးအဖွဲ့ (၆) ရုံး၊ မန္တလေးမြို့တို့တွင် ၅-၁၀-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။ တင်ဒါတင်သွင်းမည့် အသေးစိတ်အချက်အလက်များကို ဖုန်း - 02-4076364, 09-444039953, 09-250079432 တို့ကို စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us