ကယားပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 4, 2020
Views: 167
Tender ID: 12274
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 6, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကယားပြည်နယ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့တွင် ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းများအား ဆောင်ရွက်လိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါတင်ဒါတင်သွင်းရန် ဖိတ်ခေါအပ်ပါသည်။

အဆောက်အဦ

(က) လွိုင်ကော်မြို့နယ်၊ ပြည်နယ်ရုံးဝန်ထမ်းအိမ်ရာ (၂) ခန်းတွဲ (၂) ထပ် RC (၁) လုံး (၅၂’ * ၃၂’) တည်ဆောက်ခြင်း (Lot-1) (ရေ၊မီး၊မိလ္လာအပါအဝင်)

(ခ) ဘော်လခဲမြို့နယ်၊ ဝန်ထမ်းအိမ်ရာ (၂) ခန်းတွဲ (၂) ထပ် RC (၁) လုံး (၅၂’ * ၃၂’) တည်ဆောက်ခြင်း (Lot-1) (ရေ၊မီး၊မိလ္လာအပါအဝင်)

(ဂ) လွိုင်ကော်မြို့နယ်၊ ပြည်နယ်ရုံးဝင်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း (၁၀’ * ၁၅၀’) (Lot-1)

 

၂။      တင်ဒါတင်သွင်းလိုသည့် ကုမ္ပဏီများသည် ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သတ်မှတ်ထားသည့် လုပ်ငန်းစံချိန်စံညွှန်း၊ ဒီဇိုင်းပုံစံများနှင့်အညီ အသေးစိတ်ရေးဆွဲ တွက်ချက်တင်ပြရန်နှင့် တင်ဒါလျှောက်လွှာ ဝယ်ယူရာတွင် ကုမ္ပဏီ​၏မှတ်ပုံတင်နှင့် သင်းဖွဲ့စည်းမျဉ်း မူရင်းပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။

၃။ တင်ဒါစတင်ရောင်းချမည့်ရက်         -           ၅-၁၀-၂၀၂၀ ရက် မှ ၅-၁၁-၂၀၂၀ ရက်ထိ

တင်ဒါစတင်သွင်းရမည့်ရက်     -           ၆-၁၁-၂၀၂၀ ရက်၊ညနေ (၁၆:၃၀) နာရီအထိ

တင်ဒါလျှောက်လွှာဝယ်ယူတင်သွင်းရမည်နေရာ            -           ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်၊ လွိုင်ကော်မြို့

၄။     အသေးစိတ်သိရှိလိုပါက ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ လွိုင်ကော်မြို့၊ ဖုန်း-၀၈၃-၂၂၂၄၁၀၆၊ ၀၈၃-၂၂၂၄၁၄၅၊၀၈၃-၂၂၂၄၁၄၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ကယားပြည်နယ်အစိုးရအဖွဲ့

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us