ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 4, 2020
Views: 852
Tender ID: 12275
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 7, 2020 - November 6, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်မည့် လုပ်ငန်းများစာရင်း-

(က) မြေသားရေကန် (၄၅) ကန်

(ခ) လက်တူးတွင်း (၃၃) တွင်း

(ဂ) စိမ့်စမ်း (၁၂) ခု

(ဃ) အခြားရေပေးရေးလုပ်ငန်း (၆၇) ခု

(င) ကျေးလက်ကုန်ထုတ်လမ်းတံတား (၈) လမ်း၊ (၂၇) စင်း

(စ) ဆိပ်ခံတံတား (၉) စင်း

(ဆ) ဝန်ထမ်းအိမ်ရာ (၂) ခန်းတွဲ (၁) ထပ် (၁) လုံး

(ဇ) ကျေးလက်အိမ်ရာ (၁၈၅) လုံး

(ဈ) ခြံစည်းရိုးကာရန်ခြင်းနှင့် ရုံးအဝင် Box Culvertတည်ဆောက်ခြင်း (၄)ခု ၊ (၂) စင်း

 

၃။ လုပ်ငန်းတစ်ခုချင်းစီ၏တန်ဖိုးငွေကျပ် ၁၀၀၀ သန်းမှ ၁၀၀၀၀ သန်းလုပ်ငန်းတွဲများအထိ တင်ဒါလျှောက်လွှာပုံစံများကို ၇-၁၀-၂၀၂၀ ရက်မှ ၂၁-၁၀-၂၀၂၀ ရက်အထိရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ၂၆-၁၀-၂၀၂၀ ရက်ညနေ ၄:၀၀ နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပါသည်၊၊

၄။ လုပ်ငန်းတစ်ခုချင်းစီ၏ တန်ဖိုးငွေကျပ် ၁၀၀၀၀ သန်းအထက်လုပ်ငန်းများအတွက် တင်ဒါလျှောက်လွှာပုံစံများကို ၇-၁၀-၂၀၂၀ ရက်မှ ၄-၁၁-၂၀၂၀ ရက်အထိရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ၆-၁၁-၂၀၂၀ ရက်ညနေ ၄:၀၀ နာရီ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပါသည်၊၊ တင်ဒါဖွင့် ဖောက်မည့်ရက်အား ကြိုတင်အကြောင်းကြားပေးမည်ဖြစ်ပါသည်၊၊

၅၊၊ တင်ဒါလျှောက်လွှာဝယ်ယူရမည့်နေရာနှင့်ပြန်လည်တင်သွင်းရမည့်နေရာမှာ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆတ်ရိုးကျရပ်ကွက်၊ ရွှေမင်းဂံဆိပ်ကမ်းသွားလမ်း၊ စစ်တွေမြို့ဖြစ်ပါသည်။

၆။ တင်ဒါနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ၇-၁၀-၂၀၂၀ ရက်မှစ၍ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဖုန်း-၀၉-၄၂၁၇၁၀၃၂၂၊ ၀၉-၂၆၅၅၁၆၃၆ တို့သို့လည်းကောင်း၊ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

Contact Information
Phone: 09-421710322
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us