ဗဟိုဝန်ထမ်းတကသိုလ် (အထက်မြန်မာပြည်) တွင် တည်ဆောက်ရေးလုပ်ငန်း‌ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 4, 2020
Views: 178
Tender ID: 12277
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 5, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

ပြည်ထောင်စုရာထူးဝန်အဖွဲ့

၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဗဟိုဝန်ထမ်းတကသိုလ် (အထက်မြန်မာပြည်) တွင် တည်ဆောက်ရေးလုပ်ငန်း‌ဆောင်ရွက်ရန်အတွက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတကသိုလ် (အထက်မြန်မာပြည်) တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

(က) (၆) ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း (၁) ထပ် (၃၅၇၀ စ/ပေ) (အတွင်း/အပြင် ရေ၊ မီးအပါအဝင်) (RCC)           -၂လုံး - Lot (1)

 

 (ခ) (၁၆) ခန်းတွဲ ဆရာများဆောင် ဆောက်လုပ်ခြင်း (၁) ထပ် (၅၀၈၈ စ/ပေ) (RCC) (အတွင်း/အပြင် ရေ၊ မီးအပါအဝင်)

- ၁လုံး -        Lot(2)

 

(ဂ) ကွန်ကရစ်လမ်းခင်းခြင်း -       ၁ ခု   -        Lot (3)

  • (၁) ပိတောက်ဆောင်လမ်းဆုံမှ ဆရာမများဆောင်သစ်ရှေ့အထိ ကွန်ကရစ်ခင်းခြင်း (၂၀၀၀'x၁၆'x၈'')
  • (၂) ဒဂုံဆောင်ရှေ့မှ(၁၀၀)ဆံ့ စာသင်ခန်းမသို အဝင်လမ်း (၅၀၀'x၁၆'x၈'')

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗဟိုဝန်ထမ်းတကသိုလ် (အထက်မြန်မာပြည်) တွင် ၅-၁၀-၂၀၂၀ ရက်မှ ၂၈-၁၀-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း Lot No(၁) ခုချင်းအလိုက် လျှောက်လွှာ (၁) စောင်လျှင် ငွေကျပ်  ၁၀၀၀၀/-(ကျပ် တစ်ေသာင်းတိတိ) ဖြင့် ရောင်းချသွားမည် ဖြစ်ပါသည်။

 

၃။ နည်းပညာဆိုင်ရာအဆိုပြုလွှာ အိတ်ဖွင့်တင်ဒါလက်ခံခြင်းကို ဗဟိုဝန်ထမ်းတကသိုလ် (အထက်မြန်မာပြည်) အမှတ်(၁) ဂိတ်၌  ၅-၁၁-၂၀၂၀ရက် (ကြာသပတေးနေ့) နံနက် ၁၀:၀၀ နာရီမှ ၁၁:၀၀ နာရီထိ ဆောင်ရွက်မည် ဖြစ်ပါသည်။

နည်းပညာဆိုင်ရာအဆိုပြုလွှာ အောင်မြင်သည့် ကုမ္ပဏီများကို အကြောင်းကြားပေးသွားမည် ဖြစ်ပြီး၊ ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာလက်ခံမည့်ရက်ကို ဆက်လက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

 

၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဗဟိုဝန်ထမ်းတကသိုလ် (အထက်မြန်မာပြည်) သို လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်-၀၂-၅၀၂၃၆၊ ၀၂-၅၀၀၅၀တိုသိုဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

 

၄ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us