ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တည်ဆောက်ရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 4, 2020
Views: 173
Tender ID: 12281
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 7, 2020 - November 4, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု ပြည်နယ်ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ကယားပြည်နယ်အတွင်း၌ အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) လယ်ယာကုန်ထုတ်လမ်း(မြေ+ဂဝံ/သဲကျောက်)      -           (၂၂) လမ်း (၃၆/၅.၃၉) မိုင်

(ခ) ကွန်ကရစ်တံတား              -           (၉) စင်း (၁၈၃) ပေ

(ဂ) Pipe Culvert                       -           (၃၇) စင်း (၇၂) ပေ

(ဃ) Box Culvert                      -           (၃၅) စင်း (၂၀၈) ပေ

(င) သစ်သားတံတား                 -           (၂) စင်း (၁၀၀) ပေ

(စ) ရေကျော်                            -           (၆) စင်း (၂၀၀) ပေ

(ဆ ကျောက်စီမြေကာနံရံ          -           (၁) ခု (၃၆၀) ပေ

(ဇ) ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၁)ထပ်  -           (၁) လုံး

(ဈ) တွင်းတိမ်လက်တူးတွင်း၊ မြေသားကန်၊ စိမ့်စမ်း       -           (၁၂) ခု

(ည) အခြား(အုတ်ကန်၊ရေပိုက်လိုင်းသွယ်ရေပေးရေးလုပ်ငန်း    -           (၃၃) ခု

၂။ တင်ဒါတင်သွင်းလိုသည့်ကုမ္ပဏီများသည် ဦးစီးဌာနကသတ်မှတ်ထားသော လုပ်ငန်းစံချိန်စံညွှန်း၊ ဒီဇိုင်းပုံစံများနှင့် အညီ အသေးစိတ်ရေးဆွဲ တွက်ချက်တင်ပြရမည်ဖြစ်သည်။

၃။ အသေးစိတ်သိရှိလိုသောအချက်အလက်များကို ဤဦးစီးဌာန ရုံးဖုန်း-၀၈၃-၂၂၂၃၁၂၄၊ ၂၂၂၃၁၂၅၊ ၂၂၂၄၁၁၉ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက်         -           ၇-၁၀-၂၀၂၀ ရက်မှ ၃-၁၁-၂၀၂၀ ရက်ထိ

(ခ) တင်ဒါတင်သွင်းရမည့်ရက်/အချိန်   -           ၄-၁၁-၂၀၂၀ ရက်၊ ၉:၃၀ နာရီမှ ၁၆:၃၀ နာရီထိ

(ဂ) တင်ဒါလျှောက်လွှာဝယ်ယူ/တင်သွင်းရမည့်နေရာ    -           ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ နမ့်ဘော်ဝမ်ရပ်ကွက်၊လွိုင်ကော်မြို့

(ဃ) တင်ဒါဖွင့်လှစ်မည့်ရက်အားသီးခြားထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

 

၄။ တင်ဒါလျှောက်လွှာ ဝယ်ယူရာတွင် ကုမ္ပဏီ​၏မှတ်ပုံတင်နှင့် သင်းဖွဲ့စည်းမျဉ်း မူရင်း ပြသ စစ်ဆေးခံရမည်ဖြစ်ပါသည်။

 

တင်ဒါဗဟိုကော်မတီ

ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us