ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအတွက် ဝန်ထမ်းအိမ်ရာ (၆) လုံး တည်ဆောက်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 12, 2020 - November 13, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောက်ဖော်ပြပါတည်ဆောက်ရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) Lot-1     -          ပုသိမ်မြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး

(ခ) Lot-2        -        ကန်ကြီးထောင့်မြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး

(ဂ) Lot-3        -        ဟင်္သာတမြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး

(ဃ) Lot-4      -        ဓနုဖြူမြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး

(င) Lot-5        -        ဒေးဒရဲမြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး

(စ) Lot-6       -        လပ္ပတ္တာမြို့ (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး

၂။ တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ၁၂-၁၀-၂၀၂၀ ရက်မှ ၁၃-၁၁-၂၀၂၀ ရက်အထိ နေ့စဉ်ရုံးချိန်အတွင်း Online စနစ်ဖြင့်ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါအဆိုပြုလွှာများကို ၁၃-၁၁-၂၀၂၀ ရက် အရောက်ရုံးချိန်အတွင်း အမြန်ချောပို့စနစ်ဖြင့် ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက လက်ခံ ဆောင်ရွက်ပေးမည်မဟုတ်ပါ။

၃။ တင်ဒါရွေးချယ်မည့်ရက်၊အချိန်အားထပ်မံကြေညာပေးမည်ဖြစ်ပါသည်။

၄။ တင်ဒါလျှောက်လွှာဝယ်ယူနိုင်သည့် အစီအစဉ်နှင့်တင်ဒါဆိုင်ရာ အသေးစိတ်အချက်အလက်များ ကို ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ ပြည်တော်သာ၊ ပုသိမ်မြို့၊ ဖုန်း-၀၄၂-၂၃၇၇၄၊ ဖုန်း/ Viber-၀၉-၆၇၅၇၃၄၆၃၆၊ E-mail- AyeyarwadyDUHDpathein@gmail.com သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်၊၊

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us