ပရည်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်းနှင့် စက်၊ ယာဥ်၊ ယန္တရားများ ငှားရမ်းခြင်း

October 5, 2020
Views: 194
Tender ID: 12344
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 9, 2020 - October 27, 2020
အဖွဲ့အစည်း: | |   
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၉)၊ ပဲခူးမြို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပရည်တောင် - ဝန်ဖို့လမ်းပေါ်ရှိ ပရည်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား (လုပ်ငန်းခွင်) အရောက် ဝယ်ယူခြင်းနှင့် စက်၊ ယာဥ်၊ ယန္တရားများ ငှားရမ်းခြင်းကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူ/ငှားရမ်းလိုပါသဖြင့် တင်ဒါတင်သွင်းလိုသူများအား ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက်             -           ၉-၁၀-၂၀၂၀ ရက် (သောကြာနေ့)

(ခ) တင်ဒါလျှောက်လွှာပိတ်မည့်ရက်/အချိန်           -           ၂၇-၁၀-၂၀၂၀ ရက် (အင်္ဂါနေ့)၊ ညနေ ၁၆ ၀၀ နာရီ

(ဂ) တင်ဒါဖွင့်ပွဲကျင်းပမည့်ရက်/အချိန်                  -           ၃-၁၁-၂၀၂၀ ရက် (အင်္ဂါနေ့)၊ နံနက် ၉ ၃၀ နာရီ

(ဃ) တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ                         -           လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ မြိတ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြိတ်မြို့

၂။ တင်ဒါစည်းကမ်းချက်များနှင့် လျှောက်လွှာပုံစံများကို ‌အောက်ဖော်ပြပါဌာနတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြိတ်ခရိုင်

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ မြိတ်မြို့

ဖုန်း - ၀၅၉-၄၂၀၁၇၊ ၀၉-၂၀၂၆၀၄၈၊ ၀၉-၉၇၀၇၉၉၆၁၇

 

Contact Information
Phone: 059-42017
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us