နည်းပညာတက္ကသိုလ် (မှော်ဘီ) တွင် အားကစားခန်းမ၊ စာသင်ဆောင်၊ ဆရာ/မဆောင်များ ဆောက်လုပ်ခြင်းလုပ်ငန်း

October 5, 2020
Views: 153
Tender ID: 12345
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 5, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ ရန်ကုန်တိုင်းဒေသကြီးတွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ကျောင်းဝင်းနောက်ကျော အုတ်တံတိုင်းကာရံခြင်း (၂၇၀၀ ပေ

(ခ) ၄ ခန်းတွဲ ၄ ထပ် ဆရာ/မဆောင် RC (၁၀၀’  x ၃၀’)၊ အဆောင်အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”)၊ ပြင်ပရေ (၄ လက်မ အဝီစိတွင်း၊ ဂါလံ ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန်၊ 5.5 HP Submersible Pump နှင့် အဆောက်အဦ)၊ ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး တည်ဆောက်ခြင်းလုပ်ငန်း

(ဂ) ဘက်စုံသုံးအားကစားခန်းမ (၁၂၀’ x  ၈၈’ x ၂၇’) (ရေမီးအပါအဝင်)၊ အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”)၊ ဆောက်လုပ်ခြင်းလုပ်ငန်း Steel Structure

(ဃ) အလုပ်ရုံ (၁၂၅’ x ၆၀’) ( Mazzanine Floor အပါအဝင်) (၉၆၀၀ စ/ပေ)၊ အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”)၊ ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး ဆောက်လုပ်ခြင်းလုပ်ငန်း

(င) ၃ ထပ် စာသင်ဆောင် (၁၉၂’ x  ၃၈’) (၁) လုံး၊ အဆောင်အဝင်လမ်း (၁၀၀’ ၁၂’ ၈”)၊ ပြင်ပရေ (၄ လက်မ အဝီစိတွင်း၊ ဂါလံ ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန်၊ 5.5 HP Submersible Pump နှင့် အဆောက်အဦ)၊ ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး တည်ဆောက်ခြင်းလုပ်ငန်း

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၅-၁၀-၂၀၂၀) ရက်နေ့မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၅-၁၁-၂၀၂၀) ရက်နေ့၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည် ဖြစ်ပါသည်။

 

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း  -၀၉-၇၉၅၄၈၅၆၈၆၊ ၀၉-၇၉၆၅၉၆၅၅၇ နှင့် Website (www.hbtu.edu.mm)  တို့သို့ ဆက်သွယ်ကြည့်ရှုစုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

နည်းပညာတက္ကသိုလ် (မှော်ဘီ)

 

 

Contact Information
Phone: 09-795485686
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us