ဧရာဝတီတံတား (သရက်-အောင်လံ) စီမံကိန်းအတွက် လိုအပ်သောပစ္စည်းများနှင့် စက်/ယာဥ်များ ငှားရမ်းခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 12, 2020 - November 4, 2020
တည်နေရာ: မကွေးတိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃) မှ မကွေးတိုင်းဒေသကြီးအတွင်း တာဝန်ယူတည်ဆောက်လျက်ရှိသော ဧရာဝတီတံတား (သရက်-အောင်လံ) စီမံကိန်း၊ ရန်ကုန် - ပြည် - အောင်လံ - မကွေးလမ်းပေါ်ရှိ ကြေးနီချောင်းတံတားနှင့် သရက် - နတ်မီးတောက် - ကံမလမ်းပေါ်ရှိ မင်းတုန်းချောင်းတံတား (ရေနံ့သာ) တည်‌ဆောက်ခြင်းတို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက်လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်အရောက်ဝယ်ယူခြင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ခြင်းနှင့် စက်/ယာဥ်များငှားရမ်းခြင်းတို့ကို မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်လိုပါသည်။

၂။ Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ တင်ဒါစိစစ်ရွေးချယ်ခြင်း အစီအစဥ်အား ဆောင်ရွက်မည်ဖြစ်ပါသည်။

ဝယ်ယူမည့်ပစ္စည်းများ -        သံချောင်းလုံး (ရွယ်စုံ)၊ ဒီဇယ်ဆီ၊ J-Wood၊ ကျောက်စရစ်၊ သဲ၊ ခွဲကျောက် (ထုံးဘို)၊ Bentonite, Admixture, M.S plate (A/S), Thin Sheet, Binding wire, 5-Plywood, Welding Rod, Engine Oil, Hydraulic Oil, Propane, Oxygen, P.C wire, Anchor Head & Working Wedge, Elastomeric Bearing (400mmx 500mmx 100mm), Stressing Jack & Pump

ငှားမည့်စက်/ယာဥ်များ   -        Agitator, Loader, Bored Pile တူးစက်, Vibro-Hammer, Z-Craft

တင်ဒါလျှောက်လွှာရောင်းချမည့်ရက်/အချိန်           -           ၁၂-၁၀-၂၀၂၀ ရက်၊ ၉:၃၀ နာရီ

တင်ဒါလျှောက်လွှာပိတ်မည့်ရက်/အချိန်                 -           ၄-၁၁-၂၀၂၀ ရက်၊ ၁၆:၃၀ နာရီ

တင်ဒါဖွင့်ပွဲကျင်းပမည့်ရက်/အချိန်                        -           ၆-၁၁-၂၀၂၀ ရက်၊ နံနက် ၉:ဝဝ နာရီ

တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ                                -           ဧရာဝတီတံတား (သရက်-အောင်လံ) ရှင်းလင်းဆောင်ခန်းမ၊ အောင်လံဘက်ကမ်း

တင်ဒါစည်းကမ်းချက်များနှင့် တင်ဒါလျှောက်လွှာပုံစံများကို ရုံးချိန်အတွင်း တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ မေတ္တာလမ်း၊ တောင်ဥက္ကလာပ (မြင်သာ)၊ ရန်ကုန်မြို့နှင့် ဧရာဝတီတံတား (သရက်-အောင်လံ) စီမံကိန်းလုပ်ငန်းခွင်ရုံးတို့တွင် ၁၂-၁၀-၂၀၂၀ ရက် (၉:၃၀) နာရီမှစ၍ ဝယ်ယူနိုင်ပါသည်။

တင်ဒါတင်သွင်းမည့် အသေးစိတ်အချက်အလက်များကို ဖုန်း-၀၁-၈၅၀၀၇၅၈၊ ၀၉-၅၀၀၅၃၄၁၊ ၀၉- ၄၀၁၅၅၆၂၃၃၊ ၀၉-၂၅၄၃၂၂၅၄၀ သို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

 

၆ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us