နည်းပညာတက္ကသိုလ် (မအူပင်) တွင် အလုပ်ရုံနှင့် ဆရာ/မဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း

October 6, 2020
Views: 118
Tender ID: 12386
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 9, 2020 - November 9, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (မအူပင်)တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) အလုပ်ရုံ (၁၂၅’ x ၆၀’) ( Mazzanine Floor အပါအဝင်) (၉၆၀၀ စ/ပေ)၊ အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”)၊ ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး ဆောက်လုပ်ခြင်းလုပ်ငန်း

 (ခ) ၄ ခန်းတွဲ ၄ ထပ် ဆရာ/မဆောင် RC (၁၀၀’  x ၃၀’)၊ အဆောင်အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”)၊ ပြင်ပရေ (၄ လက်မ အဝီစိတွင်း၊ ဂါလံ ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန်၊ 5.5 HP Submersible Pump နှင့် အဆောက်အဦ)၊ ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး တည်ဆောက်ခြင်းလုပ်ငန်း

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၉-၁၀-၂၀၂၀) ရက်နေ့မှစ၍ Online စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၉-၁၁-၂၀၂၀) ရက်နေ့၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင် ဖုန်း-၀၉-၈၉၄၄၀၀၄၅၅ နှင့် Website ဖြစ်သော http;//www.maubin.edu.mm တိုတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

နည်းပညာတက္ကသိုလ် (မအူပင်)

၆ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us