လပ္ပတ္တာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ ဆောင်ရွက်မည့်လုပ်ငန်းများအတွက်လိုအပ်သော တည်ဆောက်ရေးပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 22, 2020 - November 5, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက်လိုအပ်သော တည်ဆောက်ရေးပစ္စည်းများကို လုပ်ငန်းခွင်အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် ပစ္စည်းပေးသွင်းလိုသူများ တင်ဒါပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်ကြေညာအပ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက်             -           ၂၂-၁၀-၂၀၂၀ ရက် (ကြာသပတေးနေ့)(ရုံးချိန်အတွင်း)

(ခ) တင်ဒါလျှောက်လွှာပိတ်မည့်ရက်/အချိန်           -           ၅-၁၁-၂၀၂၀ ရက် (ကြာသပတေးနေ့)၊ ညနေ ၄ ၃၀ နာရီ

(ဂ) တင်ဒါဖွင့်မည့်ရက်                                        -           ၆-၁၁-၂၀၂၀ ရက် (သောကြာနေ့)

(ဃ) တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ                        -           လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လပ္ပတ္တာခရိုင်၊ လပ္ပတ္တာမြို့။ drrdlubatta@gmail.com

၂။ တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြင့်သော်လည်းကောင်း၊ Online ဖြင့်သော်လည်းကောင်း တင်ဒါလျှောက်လွှာများအား ရောင်းချမည်ဖြစ်ပြီး တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး ဖုန်း - ၀၉-၄၂၃၄၆၁၃၆၆ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့

ဧရာဝတီတိုင်းဒေသကြီး၊

လပ္ပတ္တာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us