မွန်ပြည်နယ်အတွင်း ဝန်ထမ်းအိမ်ရာ ၈ လုံး တည်ဆောက်ခြင်းလုပ်ငန်း ( မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 6, 2020 - November 5, 2020
တည်နေရာ: မွန်ပြည်နယ်
Description
- :

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်  ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာများကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ချောင်းဆုံမြို့, သံဖြူဇရပ်မြို့၊ ရေးမြို့နှင့် သထုံမြို့တို့တွင် တည်ဆောက်နိုင်ရန်အတွက် တရားဝင်အသိအမှတ်ပြုလိုင်စင်ရ လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တည်နေရာ                -           လုပ်ငန်း

မော်လမြိုင်မြို့               -           ၄ ခန်းတွဲ ၄ ထပ် (၁၆) ခန်းပါ RC ဝန်ထမ်းအိမ်ရာ (၃) လုံး (ရေသန့်/လျှပ်စစ်အပါအဝင်)

ချောင်းဆုံမြို့                  -           ၄ ခန်းတွဲ ၄ ထပ် (၁၆) ခန်းပါ RC ဝန်ထမ်းအိမ်ရာ (၁) လုံး (ရေသန့်/လျှပ်စစ်အပါအဝင်)

သံဖြူဇရပ်မြို့                 -           ၄ ခန်းတွဲ ၄ ထပ် (၁၆) ခန်းပါ RC ဝန်ထမ်းအိမ်ရာ (၁) လုံး (ရေသန့်/လျှပ်စစ်အပါအဝင်)

ရေးမြို့                          -           ၄ ခန်းတွဲ ၄ ထပ် (၁၆) ခန်းပါ RC ဝန်ထမ်းအိမ်ရာ (၂) လုံး (ရေသန့်/လျှပ်စစ်အပါအဝင်)

သထုံမြို့                        -           ၄ ခန်းတွဲ ၄ ထပ် (၁၆) ခန်းပါ RC ဝန်ထမ်းအိမ်ရာ (၁) လုံး (ရေသန့်/လျှပ်စစ်အပါအဝင်)

၃။ တင်ဒါရောင်းချမည့်ရက်/အချိန်နှင့်နေရာ -           သတင်းစာကြော်ငြာပါသည့်ရက်မှ ၅-၁၁-၂၀၂၀ ရက်ထိ ရုံးပိတ်ရက်များမှအပ နေ့စဥ်နံနက် ၁၀ နာရီမှ ၁၆ ၃၀ နာရီအတွင်း ဤဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၊ အရာတော် (၁) လမ်း၊ မော်လမြိုင်မြို့တွင် ရောင်းချပါမည်။

၄။ တင်ဒါလျှောက်လွှာတင်သွင်းရမည့်အချိန်နှင့်နေရာ          -           သတင်းစာကြော်ငြာပါသည့်ရက်မှ ၅-၁၁-၂၀၂၀ ရက်ထိ နေ့စဥ်ရုံးချိန်အတွင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တင်သွင်းရပါမည်။

၅။ တင်ဒါရွေးချယ်စိစစ်မည့်ရက်   -           ဆက်သွယ်အကြောင်းကြားပါမည်။

၆။ သတ်မှတ်ရက်/အချိန်ထက် နောက်ကျတင်သွင်းသော လျှောက်လွှာများအား လက်ခံစဥ်းစားမည်မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်။

၇။ အိတ်ဖွင့်တင်ဒါနှင့် ပတ်သတ်သောလိုအပ်သည့် အသေးစိတ်အချက်အလက်များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ အရာတော် (၁) လမ်းတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဆက်သွယ်စုံစမ်းရန် ဖုန်း - ၀၅၇-၂၀၂၅၉၅၃

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us