ကချင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 5, 2020 - November 3, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

၁။ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်အတွင်း၌ အဆောက်အဦဆောင်ရွက် ရန်ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါလျှောက်လွှာများအား ၅-၁၀-၂၀၂၀ ရက်မှ စတင်၍ ရုံးချိန်အတွင်း၊ အတွင်းရေးမှူး တင်ဒါခေါ်ယူရေးကော်မတီရုံး၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ မြစ်ကြီးနားမြို့၊ ကချင်ပြည် နယ်တွင်ဝယ်ယူလျှောက်ထားနိုင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်-

(က) ပြည်နယ်မီးသတ်စခန်းတွင် ဆောက်လုပ်ခြင်း

မြစ်ကြီးနားမြို့နယ်၊ ပြည်နယ်ဝန်ထမ်းနေအိမ်ဆောက်လုပ်ခြင်း (၅၁ x ၆၁.၆ x ၄၅) ပေ(၄) ခန်းတွဲ (၄) ထပ်

() ပူတာအိုမြို့နယ်မီးသတ်စခန်းတွင် ဆောက်လုပ်ခြင်း

ပူတာအိုမြို့နယ်၊ ပြည်နယ်ဝန်ထမ်းနေအိမ်ဆောက်လုပ်ခြင်း (၅၁ x ၆၁.၆ x ၄၅) ပေ(၄) ခန်းတွဲ (၄) ထပ်

() ဗန်းမော်ခရိုင်မီးသတ်စခန်းဆောက်လုပ်ခြင်း (အသစ်)

(11) ခရိုင်မီးသတ်စခန်း (၁၃၃ x ၅၂ x ၂၆) ပေ (၂) ထပ်နှင့် (၂၂) ခရိုင်မီးသတ်စခန်း ပြင်ပရေ/မီးသွယ်တန်းခြင်း (၄) လက်မ စက်ရေတွင်းနှင့် ရေဂါလန် (၁၀၀၀၀) ဆံ့ မြေအောက်အုတ်ရေကန် (ရေစက်ပါ) ၊ (၄ x ၄ x ၄) ပေ ဖိုက်ဘာကန် (၁၂) လုံး

၂။ အိတ်ဖွင့်တင်ဒါစတင်တင်သွင်းရမည့်ရက်          -           ၅-၁၀-၂၀၂၀ရက်မှ ၃-၁၁-၂၀၂၀ ရက်ထိ

၃။ အိတ်ဖွင့် တင်ဒါပိတ်မည့်ရက်                           -           ၃-၁၁-၂၀၂၀ ရက် (၁၅:၀၀ ) နာရီ

၄။ အိတ်ဖွင့်တင်ဒါ်တင်သွင်းရမည့်နေရာ                -           ကချင်ပြည်နယ်မီးသတ်ဦးစီးဌာန၊ တင်ဒါခေါ်ယူရေးကော်မတီရုံး

၅။ သတ်မှတ်ရက်ထက်ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၆။ အသေးစိတ်သိရှိလိုပါက

ကချင်ပြည်နယ်အစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဖုန်း-၀၇၄-၂၅၂၉၅၁၂၊

ပြည်နယ်မီးသတ်ဦးစီးမှူးရုံး ၀၇၄-၂၅၂၂၄၆၇၊၀၇၄-၂၅၂၀၆၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ကချင်ပြည်နယ်တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us