နည်းပညာတက္ကသိုလ်(ဘားအံ) တွင် မြေထိန်းနံရံ၊ သုံးထပ်ကျောင်းဆောင်၊ အားကစားခန်းမများ ဆောက်လုပ်ခြင်းလုပ်ငန်း

October 6, 2020
Views: 412
Tender ID: 12451
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 7, 2020 - November 6, 2020
တည်နေရာ: ကရင်ပြည်နယ်
Description
- :

၁။ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် သုံးထပ်ကျောင်းဆောင်ဘေး အလျား ၈၀၀ ပေ RC Column- ကျောက်ကြီးစီမြေထိန်းနံရံဆောက် လုပ်ခြင်းလုပ်ငန်း သုံးထပ်ကျောင်းဆောင် (၁၀၀၀’ x ၁၄’) ပတ်လမ်း ပြုပြင်ခြင်းလုပ်ငန်း၊ ဘက်စုံသုံး အားကစားခန်းမ Steel Structure (၁၂၀’ x ၈၈’ x၂၇’) ရေမီးအပါအဝင် အဝင်လမ်း (၁၀၀’ x ၁၂’ x ၈”) ဆောက်လုပ်ခြင်းလုပ်ငန်းအပါအဝင် တည်ဆောက်ခြင်းလုပ်ငန်း (၃) ခုအတွက် စိတ်ပါဝင်စားသူ နိုင်ငံသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါလျှောက်လွှာပုံစံများကို ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)တွင် အောက်ပါအစီအစဉ်အတိုင်း ဝယ်ယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်    -           ၇-၁၀-၂၀၂၀ ရက်

(ခ) တင်ဒါပိတ်မည့်ရက်/အချိန်                             -           ၆-၁၁-၂၀၂၀ ရက် (၄:၃၀ ) နာရီတိတိ

(ဂ) တင်ဒါဝယ်ယူရမည့်နေရာ                              -           နည်းပညာတက္ကသိုလ်(ဘားအံ), ကရင်ပြည်နယ်

(ဃ) တင်ဒါဖွင့်မည့်ရက်/အချိန်                             -           ထပ်မံကြေညာပါမည်။

၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

(က) နည်းပညာတက္ကသိုလ်(ဘားအံ) ကရင်ပြည်နယ်

ဖုန်း-၀၉-၅၆၆၀၄၆၆၊ ၀၉-၂၆၅၃၇၃၄၁၁၊ ၀၉-၂၆၅၃၇၃၅၂၂

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

 

Contact Information
Phone: 09-5660466
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us