ပုသိမ်တကသိုလ်တွင် ဆရာ/မဆောင်များ၊ ပွဲကြည့်စင်ဆောက်လုပ်ခြင်းနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

October 7, 2020
Views: 49
Tender ID: 12498
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 9, 2020 - November 9, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ၏ ကီးကပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပုသိမ်တကသိုလ်တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ခွာညိုဆောင် (ဘူမိဗေဒ) (၃) ထပ်ဆောင် ပြုပြင်ခြင်းလုပ်ငန်း  (၁၉၈ ပေ x ၄၈ ပေ x ၃၆ ပေ) (မြေကျွံဂလိုင်များအား ပြုပြင်ခြင်း၊ ရေလိုင်း၊ နံရံဆေးသုတ်ခြင်းလုပ်ငန်းများ)

(ခ) မီတာ (၄၀၀) ပြေးလမ်းပါ (၆၀ ပေ x ၄၀ ပေ) ဘောလုံးကွင်းအပြင် ခြံစည်းရိုးနှင့် အတွင်းခြံစည်းရိုးကာရံခြင်း (အတွင်း ၁၅၁၂ ပေ x ၈ပေ ၊ အပြင်-၂၀၄၀ ပေ x ၁၄ ပေ)

(ဂ) (၄)ခန်းတွဲ(၄)ထပ် ဆရာ၊ ဆရာမဆောင် အမှတ်(၁) RC (၁၀၀ ပေ x ၃၀ ပေ)၊ ပြင်ပရေ (၄လက်မ အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေ‌အောက်ရေလှောင်ကန် 5.5 H.P Submersible Pump နှင့် အဆောက်အဦ)၊ (ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး တည်ဆောက်ခြင်းလုပ်ငန်း)

(ဃ) (၄)ခန်းတွဲ (၄)ထပ် ဆရာ၊ ဆရာမဆောင် အမှတ်(၂) RC (၁၀၀ ပေ x ၃၀ ပေ)၊ ပြင်ပရေ (၄လက်မ အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေ‌အောက်ရေလှောင်ကန် 5.5 H.P Submersible Pump နှင့် အဆောက်အဦ)၊ (ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် (၁) လုံး တည်ဆောက်ခြင်းလုပ်ငန်း)

(င) မကျီး (ရွှေသောင်ယံ) အဏ္ဏဝါသုတေသနနှင့် လေ့ကျင့်ရေးစခန်းပင်မ‌ဆောင်နှင့် ကျောင်းသားအိပ်ဆောင် အကြီးစားပြင်ဆင်ခြင်း (Foundation နိမ့်ကျမအား ပြုပြင်ခြင်း၊ အမိုး၊ ဒိုင်း၊ ဆေး)

(စ) (၂)ထပ်ပွဲကည့်စင် (၁)လုံး ဆောက်လုပ်ခြင်း ၊ (၁၅၀ ပေ x ၃၄ ပေ) (7650 Sq/ft)(ရေမီးအပါအဝင်)(Chair 100 Nos အပါ)

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၉-၁၀-၂၀၂၀) ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး CB Bank/CB Pay Account No.(2022600500162493) သို သတ်မှတ်တင်ဒါလျှောက်လွှာကြေး ပေးသွင်းရပါမည်။ ပေးသွင်းပြီးကြောင်း အထောက်အထားကို ictpatheincomputer@gmail.com သို ပေးပို့ရန်ဖြစ်သည်။ အထောက်အထားရရှိပါက ဝယ်ယူသူသို့ လျှောက်လွှာနှင့် စည်းမျဥ်းစည်းကမ်းများအား Email (သို) Viber ဖြင့် ပေးပို့ပါမည်။ အိတ်ဖွင့်တင်ဒါများကို (၉-၁၁-၂၀၂၀)ရက် ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ တင်သွင်းသူကိုယ်တိုင် လာရောက်၍ ဌာနမှူး (စီမံ/ဘဏ္ဍာ) ရုံးခန်းတွင် တင်ဒါများ တင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း-(၀၉-၄၀၀၄၀၀၀၅၅၊ ၀၉-၄၂၀၀၅၈၃၈၄)သို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံ‌ရေးနှင့် စိစစ်ရေးကော်မတီ

ပုသိမ်တကသိုလ်

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us