ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် စာသင်ဆောင်၊ ကျောင်းသူ/သားအိပ်ဆောင်၊ ဆရာ/မဆောင်မျာနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ခြင်းလုပ်ငန်း

October 7, 2020
Views: 74
Tender ID: 12520
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 12, 2020 - November 11, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ ကီးကပ်မှုဖြင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား (အမည်ပျက်စာရင်းတွင် မပါဝင်သည့်) လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(၁) (၃) ထပ် စာသင်ဆောင် (၁)လုံး ဆောက်လုပ်ခြင်း (၁၈၈'x၄၈')(pile လုပ်ငန်းအပါအဝင်) (ပြင်ပရေသန့်လုပ်ငန်း၊ အတွင်းရေသန့်လုပ်ငန်း၊ ပြင်ပမီး၊ အတွင်းမီး၊ လက်တွေ့ခန်းများ၊ White Board၊ Stage ကမ်းခင်းနှင့် နံရံကြွေပြားကပ်ခြင်း၊ သံပန်းတပ်ဆင်ခြင်းအပါအဝင်) နှင့် ကွန်ကရစ်လမ်း (၃၀၀'x၂၀')

(၂)  (၃) ထပ် ကျောင်းသားအိပ်ဆောင် ဆောက်လုပ်ခြင်း (၂၃၆'x၄၆') (RC Pile လုပ်ငန်း) ) (ပြင်ပရေသန့်လုပ်ငန်း၊ အတွင်းရေသန့်လုပ်ငန်း၊ ပြင်ပမီး၊ အတွင်းမီး၊ ကော်ရစ်တာ၊ လှေကား၊ သန့်စင်ခန်း၊ ကြွေပြားကပ်ခြင်း၊ စတီးလက်ရန်း၊ သံပန်းတပ်ဆင်ခြင်းအပါအဝင်) နှင့် ကွန်ကရစ်လမ်း (၃၀၀'x၂၀')

(၃)  (၄)ခန်းတွဲ (၄) ထပ် ဆရာ/မဆောင် (၁) လုံး ဆောက်လုပ်ခြင်း၊ RC (၁၀၀'x၃၀') ပြင်ပရေ (၄လက်မ အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန် 5.5HP Submersible Pump နှင့် အဆောက်အဦ၊ ပြင်ပမီးသွယ်တန်းခြင်း အပါအဝင်လုပ်ငန်း

(၄)  (၂)ထပ် ပွဲကည့်စင် (၁)လုံး ဆောက်လုပ်ခြင်း၊  (၁၅၀'x၃၄') [ မိပြလုပ်ငန်း၊ ပြင်ပလျှပ်စစ်၊ အတွင်းလျှပ်စစ်၊ ပြင်ပရေသန့်၊ အတွင်းရေသန့်၊ ထိုင်ခုံ (၃၅၀) လုံး အပါအဝင်]

(၅) ပွဲကည့်စင်သွားလမ်း ကွန်ကရစ်ခင်းခြင်း (၁၈၀၀'x၂၀') ၆'' ထု နှင့် ခြံစည်းရိုး (သံကူကွန်ကရစ်တိုင်၊ အုတ်တိုင်နှင့်သံပန်း) ကာရံခြင်း (၁၇၀၀')

(၆) ကျောင်းရှေ့ပင်မလမ်းမကြီးသို့  အထွက်လမ်း(၉'' ထု) ကွန်ကရစ် လမ်းခင်းခြင်း (၂၀၈၀'x၂၀')

၂။ ၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁၂-၁၀-၂၀၂၀) ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၁၁-၁၁-၂၀၂၀)ရက် ညနေ (၄:ဝဝ) နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းသောလုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ဘဏ္ဍာရေးဌာနခွဲတွင် ကျသင့်ငွေပေးသွင်းပြီး   ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။

4။ အိတ်ဖွင့်တင်ဒါနှင့် သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသော အချက်များရှိပါက ဖုန်း-၀၉-၅၀၃၂၅၉၇၊ ၀၉ -၇၈၈၆၁၁၇၈၈ တိုကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

Contact Information
Phone: 09-5032597
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us