အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်(ရန်ကုန်) တွင် ဗဟိုဆောင်နှင့် ဝန်ထမ်းအိမ်ရာပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 7, 2020 - November 6, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများအား ဆောင်ရွက်ရန်ရှိသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ဗဟိုဆောင် (အလျား ၆၆၀'၊ အနံ ၄၄'၊ အမြင့်၂၈') (၂) ထပ်ဆောင်  (အမ်ကန် 0.42mm) သွပ်ဖြင့် အမိုးလဲလှယ်ခြင်း၊ မြန်မာမှုသွပ်ကနုတ်ပန်းများအား ဖြုတ်သိမ်းခြင်း၊ အတွင်း/အပြင် ဆေးသုတ်မွမ်းမံခြင်း၊ ရေသန့်လုပ်ငန်းနှင့် ရေပိုက်များပြုပြင်မွမ်းမံခြင်းလုပ်ငန်း။      - ၁-လုံး -        Lot(1)

(ခ) ဝန်ထမ်းအိမ်ရာ (၈) ခန်းတွဲ(၄)ထပ် (အလျား ၁၀၄'၊ အနံ ၃၂'၊ အမြင့် ၄၂’) အပြင်ဘက်ဆေးသုတ်ခြင်း၊ တံခါးပြတင်းပေါက်နှင့် ရေပိုက်များပြုပြင်မွမ်းမံခြင်းလုပ်ငန်း။      - ၁-လုံး - Lot(2)

၂။ တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်နှင့် အသေးစိတ်အချက်အလက်များအား  အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ မရမ်းကုန်းမိနယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၇-၁၀-၂၀၂၀ ရက်မှ ၆-၁၁-၂၀၂၀ ရက် အထိ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ရောင်းချပေးမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁-၆၅၀၇၀၇ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက်။          ။ တင်ဒါတင်သွင်း/ဖွင့်ဖောက်မည့် နေ့ရက်/အချိန်/နေရာအား ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားမည် ဖြစ်ပါသည်။

သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန

တင်ဒါကော်မတီ

 

၇ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

 

Contact Information
Phone: 01-650707
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us