ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျောင်းသူ/သားအိပ်ဆောင်၊ ဆရာ/မဆောင်၊ အားကစားခန်းမ၊ Transformer တပ်ဆင်ခြင်းနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

October 7, 2020
Views: 44
Tender ID: 12522
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 13, 2020 - November 12, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ ကီးကပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

(က) ကျောင်းဝင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၆၇၀) အုတ်တစ်ဝက် + သံပန်းတစ်ဝက်၊ RCတိုင် ဆောက်လုပ်ခြင်းလုပ်ငန်း။

(ခ) ဘက်စုံသုံးအားကစားခန်းမ (၁၂၀'x၈၈'x၂၇') (ရေမီးအပါအဝင်)၊ အဝင်လမ်း(၁၀၀'x၁၂'x၈'') ဆောက်လုပ်ခြင်းလုပ်ငန်း။ Steel Structure

(ဂ) 500KVA Transformer (၁) လုံး တပ်ဆင်ခြင်းလုပ်ငန်း။

(ဃ) အမရာဆောင်နှင့် ကျောင်းသားဆောင်နောက် မြေသားလမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း (၂၃၁၀၀ စ/ပေ)

(င) ၁၆၀ ဦးဆံ့ ကျောင်းသား/သူအိပ်ဆောင် (၂) ထပ် RC (၂၁၂'x၁၃၂') (၂၆၉၂၄ စ/‌ပေပ)(၁)လုံးနှင့် ထမင်းစားဆောင် (၁၂၂'x၄၈') (၅၈၅၆ စ/ပေ)(ရေမီးအပါအဝင်) အဆောင်အဝင်လမ်း (၂၀၀'x၁၂'x၈'')၊ ပြင်ပရေ (၄" အဝီစိတွင်းဂါလန် ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန်၊ 5.5 HP Submersible Pump နှင့် အဆောက်အဦ၊ ပြင်ပမီးသွယ်တန်းခြင်း အပါအဝင်လုပ်ငန်း

(စ)  (၄)ခန်းတွဲ (၄) ထပ် ဆရာ/မဆောင် RC (၁၀၀'x၃၀')၊ အဆောင်အဝင်လမ်း (၁၀၀'x၁၂'x၈'')၊ ပြင်ပရေ (၄ လက်မ အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန် 5.5HP Submersible Pump နှင့် အေဆာက်အဦ၊ ပြင်ပမီးသွယ်တန်းခြင်း အပါအဝင်လုပ်ငန်း (၁) လုံး တည်ဆောက်ခြင်း

၂။ အိတ်ဖွင့်ပုံစံနှင့် စည်းကမ်းချက်များကို ၁၃-၁၀-၂၀၂၀ ရက် မှစတင်၍ ရောင်းချမည်ဖြစ်ပြီး ၁၂-၁၁-၂၀၂၀ ရက်၊ ညနေ ၄:၃၀ နာရီနောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါများကို တင်သွင်းရမည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်းနံပါတ်-၀၉-၂၅၀၀၇၃၉၉၇၊ ၀၉-၉၇၈၇၈၉၉၃၀ နှင့် Website ဖြစ်သော (wytu.edu.com) တိုတွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

 

၇ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

Contact Information
Phone: 09-250073997
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us