ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးအရာရှိရုံး (နေပြည်တော်)တွင် အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 10, 2020 - November 10, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ပြည်ထောင်စုနယ်မြေ ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး (နေပြည်တော်)၊ ဘိုးဘွားရိပ်သာလမ်း၊ ရှမ်းစုလေးကျေးရွာ၊ တောင်သာအုပ်စု၊ ပျဥ်းမနားမြို့တွင် အဆောက်အဦပေ (၆၀x၃၀) RC (၁)ထပ် (၁)လုံး၊ Pump House (၁၀'x၈'x၉')(၁)လုံး၊ အိမ်သာရေချိုးခန်း (၁၃'-၆''x၄'-၆'') (၁)လုံး တည်ဆောက်ခြင်း၊ ၂ လက်မ အဝီစိတွင်းတူးဖော်ခြင်း၊ အုတ်ခြံစည်းရိုး (၇၈၄’) ကာရံခြင်း၊ RC ဂိတ်တိုင်(၆)တိုင်၊ ဂိတ်တံခါး (၁၈'-၆''x၅'-၆'') (၃)ခု တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါပုံစံရောင်းချမည့်ရက်             -           ၁၀-၁၀-၂၀၂၀ရက်

(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ              -           စီမံရေးရာဌာနခွဲ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၆)၊ နေပြည်တော်။

(ဂ) တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်/အချိန်     -           ၁၀-၁၁-၂၀၂၀ရက်

(ဃ) တင်ဒါဖွင့်လှစ်မည့်နေရာ                  -           ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၆)၊ နေပြည်တော်။

၂။ အသေးစိတ်သိရှိလိုပါက ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(နေပြည်တော်)၊ ရုံးအမှတ် (၆)၊ ဖုန်း  ၀၆၇၃-၄၁၁၁၃၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်တို့ကို ထပ်မံ၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

 

၇ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us