ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊  ရွှေဘိုမြို့မှ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 12, 2020 - November 6, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

အိတ်ဖွင့်တင်ဒါအမှတ် (၁/၂၀၂၀-၂၀၂၁)

 ၁။ ညွှန်ကြားရေးမှူး၊ တည်ဆောက်ရေး (၄)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊  ရွှေဘိုမြို့မှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးပစ္စည်းများကို သတ်မှတ်စံချိန်၊စံညွှန်းနှင့်အညီ လုပ်ငန်းခွင်အရောက် ပေးသွင်းရန် စိတ်ဝင်စားသူမြန်မာနိုင်ငံသားလုပ်ငန်းရှင်များသို့ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါလျှောက်လွှာရောင်းချမည့်ရက်/အချိန်          -           ၁၂-၁၀-၂၀၂၀ ရက်မှ ၄-၁၁-၂၀၂၀ ရက်ထိ (ရုံးချိန်အတွင်း)

တင်ဒါလျှောက်လွှာရောင်းချမည့်နေရာ                  -           ညွှန်ကြားရေးမှူး၊ တည်ဆောက်ရေး (၄)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊  ရွှေဘိုမြို့။

တင်ဒါလျှောက်လွှာပိတ်မည့်ရက်/အချိန်                 -           ၆-၁၁-၂၀၂၀ ရက်၊ ၁၆ ၃၀ နာရီ

တင်ဒါလျှောက်လွှာပေးသွင်းရမည့်နေရာ                -           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့

တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်                              -           တင်ဒါတင်သွင်းသူများသို့ ဌာနမှ ဆက်သွယ်အကြောင်းကြားပါမည်။

၂။ တင်ဒါနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များသိရှိလိုပါက ညွှန်ကြားရေးမှူး၊ တည်ဆောက်ရေး (၄)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊  ရွှေဘိုမြို့၊ ဖုန်း - ၀၇၅-၂၀၁၈၇၊ လက်ထောက်ညွှန်ကြားရေးမှူး (၂) ရုံး၊ တည်ဆောက်ရေး (၄)၊ မုံရွာမြို့၊ ဖုန်း - ၀၇၁-၂၁၂၂၅ နှင့် လက်ထောက်ညွှန်ကြားရေးမှူး (၃) ရုံး၊ တည်ဆောက်ရေး (၄)၊ ကလေးမြို့၊ ဖုန်း -၀၇၃-၂၁၅၇၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

 

၇ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us