ဆိုလာပြုပြင်ထိန်းသိမ်းခြင်းစင်တာများ တည်ထောင်နိုင်ရန်အတွက် EOI (Expression of Interest) ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | အခြား ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး |
တင်ဒါကာလ: October 8, 2020 - October 21, 2020
တည်နေရာ: နေပြည်တော်
ဒေါင်းလုပ် လုပ်ရန်
Description
- :

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန DRD)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အမျိုးသားရေအားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)သည် စီမံကိန်းလုပ်ငန်းများ တည်ရှိရာဒေသများရှိ တစ်အိမ်သုံးဆိုလာစနစ်အသုံးပြုသူများအတွက် ပြုပြင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် ဆိုလာနှင့်ဆက်စပ်လျှပ်စစ်ဝန်ဆောင်မှု လုပ်ငန်းများအား စိတ်ဝင်စားမှုရှိသည့် ပုဂ္ဂလိကကုမ္ပဏီများကို ဆိုလာပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းစင်တာများ စတင်တည်ထောင်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်လိုပါသည်။ ဆိုလာပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအနေဖြင့် NEP စီမံကိန်းတည်ရှိရာ မိနယ်အလိုက် ဆိုလာပြုပြင်ထိန်းသိမ်းရေးစင်တာများ တည်ထောင်၍ လိုအပ်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

စိတ်ပါဝင်စားမရှိသည့် ကုမဏီများအနေဖြင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များပါရှိသည့် စာရွက်စာတမ်း - “ the call of EOI for Repair & Maintenance ” အား ဌာန၏ Website များဖြစ်သော www. drdmyanmar.org နှင့် www.drdnepmyanmar.org တွင်  ဝင်ရောက်ကြည့ရှုနိုင်ပါသည်။ သို့မဟုတ် အီးမေးလ်ဖြင့် တိုက်ရိုက်တောင်းခံနိုင်ပါသည်။ ကုမ္ပဏီများအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းအဆိုပြုလွှာအား Email သို့မဟုတ် လူကိုယ်တိုင်ဖြင့် အောက်ဖော်ပြပါလိပ်စာသို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက် နောက်ဆုံးထား၍ တင်ပြပေးရမည်ဖြစ်ပါသည်။

ဒေါက်တာစိုးစိုးနုအုန်း၊ စီမံကိန်းမန်နေဂျာ ( အမျိုးသားရေအားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း )

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

တယ်လီဖုန်း- ၀၆၇ ၃၄၁၈၆၃၄/ ၀၆၇ ၃၄၁၈၆၃၅

အီးမေးလ် -  nepomo.drd@gmail.com/ ksaung@gmail.com /drdnep.procurement@gmail.com

 

 

 

 

 

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us