အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ) အတွက် စာသင်ဆောင်၊ အလုပ်ရုံနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ခြင်းလုပ်ငန်း

October 8, 2020
Views: 62
Tender ID: 12666
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 9, 2020 - November 9, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ) အတွက်  အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(က) ပင်မစာသင်ဆောင် သံကူကွန်ကရစ် (၂) ထပ် (၂၁၇’ x ၁၃၀’)  Plinth Level 5” (ရေ၊ မီး၊ မိလ္လာ၊  Drain & Apron (၆၀၀၀) ဂါလန် ဆံ့ ရေလှောင်ကန်အပါအဝင်) 

(ခ) (၁) အလုပ်ရုံ Steel Strucutre (၁) ထပ် (၁၂၅’ x ၈၂’)  အမြင့် (၁၈ ပေ) (၁) လုံး Plinth Level 4” (ရေ၊ မီး၊ မိလ္လာ၊  Drain & Apron (၆၀၀၀) ဂါလန် ဆံ့ ရေလှောင်ကန်အပါအဝင်)

 (၂) ရေပေးဝေရေးအတွက် မြေသားရေလှောင်ကန် တည်ဆောက်ခြင်း (၄၀' x ၄၀' x ၁၀”) Control Panel  (၂) လုံး၊ (ရေပန့် (၂) လုံး 20 HP Pump House (၁၅’ x ၂၀’)  နှင့် ရေပိုက်သွယ်ခြင်းအပါအဝင်

(ဂ) အရာထမ်းဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ်လေးခန်းတွဲ (၄) ထပ် (၇၈’ x ၉၄’ )  (၁) လုံး (ရေ၊ မီး၊ မိလ္လာ၊  Drain & Apron (၆၀၀၀) ဂါလန် ဆံ့ ရေလှောင်ကန်၊ အဝင်ကွန်ကရစ်လမ်း၊ ပြင်ပမီးသွယ်ခြင်းအပါအဝင်)

(ဃ) အရာထမ်းဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ်လေးခန်းတွဲ (၄) ထပ် (၇၈’ x ၉၄’ )  (၁) လုံး (ရေ၊ မီး၊ မိလ္လာ၊  Drain & Apron (၆၀၀၀) ဂါလန် ဆံ့ ရေလှောင်ကန်၊ အဝင်ကွန်ကရစ်လမ်း၊ ပြင်ပမီးသွယ်ခြင်းအပါအဝင်)

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၉-၁၀-၂၀၂၀) ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၉-၁၁-၂၀၂၀)ရက် ညနေ (၄:ဝဝ) နာရီ နောက်ဆုံးထား၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ) တွင် တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းသောလုပ်ငန်းတခုချင်းစီအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ) ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။

၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ဖုန်း-Viber-၀၉-၉၇၃၇၃၈၉၄၀ (ကျောင်းအုပ်ကြီး) ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပုသိမ်မြို့

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us