အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) နှင့် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းကျောင်းတို့တွင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 12, 2020 - November 12, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) နှင့် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းကျောင်းတို့အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(၁) အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)

(က) ကျောင်းသားဆောင် သံကူကွန်ကရစ် (၄) ထပ် (၂၁၀'x ၇၀') (၁) လုံး

(ခ) ကျောင်းသူဆောင် သံကူကွန်ကရစ် (၄) ထပ် (၂၁၀'x ၇၀') (၁) လုံး

(ဂ) Business Linkage Center (၅၀'  x ၇၃' x ၁၈') (၄) RC (၁) ထပ် (၁) လုံး

(ဃ) ကျောင်းအုပ်ကြီးနေအိမ် RCC (၁) ထပ် (၅၇'  x ၄၅') (၁) လုံး

(င) အရာထမ်းဆောင် (4U/45) သို့ သွားသော ကွန်ကရစ်လမ်း (၃၈၇'  x ၂၄' x ၈”)

(စ) အရာထမ်းဆောင် (4U/45) မိးရရှိရေးနှင့် လမ်းမီးတိုင်သွယ်တန်းခြင်း (၃၈၇) ပေ

(ဆ) အရာထမ်းဆောင် (4U/45) အတွက် ကားပါကင် ကွန်ကရစ်ခင်းခြင်း (၁၀၆'  x ၃၀' x ၈”) (၂) ခု

(ဇ) အမှုထမ်းဆောင် (4U/45) သို့ သွားသော ကွန်ကရစ်လမ်း (၅၀၅'  x ၂၄' x ၈”)

(စျ) အမှုထမ်းဆောင် (4U/45) မိးရရှိရေးနှင့် လမ်းမီးတိုင်သွယ်တန်းခြင်း (၅၀၅) ပေ

(ည) အမှုထမ်းဆောင် (4U/45) အတွက် ကားပါကင် ကွန်ကရစ်ခင်းခြင်း (၁၀၀'  x ၃၀' x ၈”) (၂) ခု

(ဋ) ပင်မဆောင်နှင့် အလုပ်ရုံကြားရှိ ကျောင်းတွင်း ကွန်ကရစ်လမ်း (၂၀၀'  x ၂၄' x ၈”)

(ဌ) ပင်မဆောင်နှင့် နှစ်ထပ်စာသင်ဆောင်ကြားရှိ ကျောင်းတွင်း ကွန်ကရစ်လမ်း (၁၆၈'  x ၂၄' x ၈”)

(ဍ) အရာထမ်းဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ် (၄) ခန်းတွဲ (၄) ထပ် (၇၈’  x ၉၄') (၁) လုံး

(၂) အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းကျောင်း (ELPS)

(က) အရာထမ်းဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ် (၄) ခန်းတွဲ (၄) ထပ် (၇၈’  x ၉၄') (၁) လုံး

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁၂-၁၀-၂၀၂၀ ရက်မှစ၍ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) တွင် ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၁၂-၁၁-၂၀၂၀ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) တွင် တင်ဒါတင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ တင်ဒါစည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို  ရုံးချိန်အတွင်း ဖုန်း-(၀၆၇-၃၄၂၂၇၂၈၊ ၀၆၇-၃၄၂၂၇၂၆ နှင့် ၀၆၇-၃၄၀၄၀၂၀ တို့သို့ လည်းကောင်း email လိပ်စာ management@ctve.org နှင့် gtinpw@dtve.org သို့လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us